Sunday 2 August 2015

နဝဒေးလမ်းထက်မှရက်စွဲများ(သို့)ကြေကွဲမိုးတိမ်၏ဧဒင်ဥယျာဉ်

ရန်ကုန်မြို့ရဲ့မီးပြတ်တဲ့ ညတစ်ညပါ…
အရပ်ရှစ်မျက်နာတစ်ခွင်လုံး အမှောင်ထုအုံ့ဆိုင်းပြီး ငြိမ်းချမ်းနေပေမယ့်..ကျွန်

တော်ရဲ့ရင်ဘတ်ထဲမှာတော့ ပေါက်ကွဲလူနီးနီးမီးတောင်တစ်လုံးကို မြိုချထားရသလို..။
ကျွန်တော်…ကျွန်တော်..နောက်နှစ်ရက်ဆို ကျွန်တော်တွယ်တာရဆုံးအရာတွေကို ကျောခိုင်းထားခဲ့ရပြီလေ…။
အချစ်ဆုံးသူငယ်ချင်းတွနဲ့ ရှေးဟောင်းနှောင်းဖြစ်ပြောခဲ့ကြတဲ့ သုဝဏရဲ့ မီးပြတ်ညတွေ..။
ကျွန်တော်တို့ရဲ့ အစည်းအဝေးခုံရုံး (သို့) ကျွန်းရွှေမြိုင်လမ်းက အုတ်ခုံတွေ…။
ကျွန်တော်ရဲ့ အတွယ်တာဆုံး ကျွန်တော်ရဲ့ မွေးစားအမေ…။
နဝဒေးလမ်းမ..။
နောက်ဆုံး..ကျွန်တော်တန်ဖိုးထားအမြတ်နိုးဆုံး..ကျွန်တော်ရဲ့..ချစ်သူ..။
နွေနဲ့မိုး ဆောင်း ရာသီအလီလီပြောင်းလဲ ဘယ်တော့မှ မဟောင်းတဲ့ ကျွန်တော်ရဲ့ တစ်ယောက်ထဲသော “သူ”..။
ဒီလိုနဲ့..ကျွန်တော်ရဲ့အတွေးတွေလဲ…။
2010ရဲ့ FEB နောက်ဆုံးရက်တွေမှာပေါ့..။ ကျွန်တော်ကတိပေးထားတဲ့အတိုင်း ပြန်လာခဲ့ပါတယ်.. “သူ့” ရဲ့ရင်ခွင်ကိုပေါ့..။
မရောက်တာကြာပေမယ့် အရင်တိုင်းကျွန်တော်ကို နွေးထွေးမှူတွေ..လုံခြုံမှူတွေ..ပေးစွမ်းနိုင်ဆဲပါ ချစ်သူ..။
လွန်ခဲ့တဲ့တစ်နှစ်က ကျွန်တော်ချန်ခဲ့တဲ့ အငွေ့အသက်တွေရှူရှိုက်…ကျေးဇူးပါပဲ..ချစ်သူရယ်..ဟောဒီ ကျွန်တော် တစ်ဦးတည်းပိုင် ရင်ခွင်မှာ ဘယ်သူကိုမှအစားမထိုးပေးခဲ့တဲ့အတွတ်ပေါ့.။
ကျွန်တော်ချစ်သူရဲ့ ပါးပြင်ပေါ် အနမ်းမိုးတွေရွာချရင်း..အေးနေပြီဖြစ်တဲ့ ကျွန်တော်နှုတ်ခမ်းပေါ်က “သူ့” နှုတ်ခမ်းရဲ့နူးညံ့မှူတွေ ပြန်ပြီး “နွေး”ကနဲ..။
ပြီးတော့..”သူ့”ကိုဘယ်လောက်သတိရကြောင်း…”သူ့”ရဲ့ မျက်နှာလေးကို တစ်နှစ်စာ အလွတ်ကျက်ရင်း…
အဲဒီနေ့က..”သူ့”ရဲ့ မျက်နာ ရှက်သွေးတွေဖြာလို့ပေါ့..။

“လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိဖို့.
ခိုင်လုံတဲ့အကြောင်းပြချက်တွေမလိုပါဘူး…
ရင်ဘတ်ထဲက တူညီတဲ့ရင်ခုန်သံ တစ်ချက်လေးပဲ လိုတာပါ

လူတစ်ယောက်ကို သတိရ လွမ်းဆွတ်ဖို့.
နှလုံးသားကို အမိန့်ပေးစရာမလိုပါဘူး…
ရင်ဘတ်ထဲက တိုက်ဆိုင်မှူတွေ ခြေရာထပ်နေဖို့ပဲလိုတာပါ”

“မင်းကသာအဲလောက်ဖြစ်နေတာပါကွာ…ဟိုကမဖြစ်ရင်ရော…” ကျွန်တော့သူငယ်ချင်းတွေရဲ့ ကြားနေကြသတိပေးစကားပါ..
“ချစ်တယ်ဆိုကထဲက ကိုယ့်ဘတ်က ရှုံးပြီပဲကွ…” ရှုံးစမ်းပါစေ..”သူ့” အတွက်ကြောင့်ရှုံးရမယ်ဆို..ကျွန်တော် မာနနဲ့အချစ်တွေ သူ့ခြေဖဝါးအောက် ကိုယ်တိုင်ခုပေးမယ့်သူပါ..။
“သူ”လျှောက်မယ့်လမ်းမှာ ခြေဖဝါးနုနုသွေးခြေဥ မှာစိုးလို့ပါ ချစ်သူရယ်…ဘယ်သူတွေ ဘယ်လောက်တားတား..

နေပါစေ…
သတိရမိတိုင်း ခေါင်းအုံးပေါ်ရွာချခဲ့တဲ့
အနမ်းမိုးတွေ ပိုင်ရှင်ကိုတကြော်ကြော်ဟစ်အော်နေလဲ..

နေပါစေ…
အေးစက်စက်ဝိညဉ်မဲ့နေတဲ့ ရင်ခွင်တစ်လက်ကို
အသက်သွင်းမဲ့ သခင်မကိုတောင့်တနေလဲ..

နေပါစေ…
နဝဒေးလမ်းပေါ်လျှောက်နေတဲ့မင်းရဲ့ခြေဖဝါးတွေအောက် ကပ်ပါသွားတဲ့ငါ့မာနတွေအတွက်တန်ရာတန်ကြေးမရခဲ့ရင်တောင်မှ…
အချစ်ရဲ့ကျေးကျွန်အဖြစ်ကျေကျေနပ်နပ်ခံယူထားတဲ့
ငါ့နှလုံးသားလေး သူ့ဘဝနဲ့သူ
နေ..ပါ..စေ..။။ “

န..ဝ..ဒေး..လမ်း..။ ဟုတ်ပါတယ်…
ကျွန်တော်အတွက်တော့ “သူ”နဲ့ပတ်သတ်တဲ့..အမှတ်တရတွေ ရင်နဲ့မဆံ့အောင်များလွန်းတဲ့ နေရာတစ်ခုပေါ့…။
ချစ်သူရယ်..မင်းမှတ်မိအုံးမှာပါ…တို့နှစ်ယောက်ရဲ့ ပထမဆုံး “ဆုံဆည်းရာ”..နောက်ပြီး..နောက်ပြီး..တစ်နှစ်တစ်ခါ..လမ်းခွဲနေကြနေရာလေးတစ်ခု..။
“သူ” ကျူရှင်သွား ကျူရှင်ပြန်…။
ချစ်သူအိမ်ရှိရာ.အဲဒီလမ်းရဲ့. မလှမ်းမကမ်းတစ်နေရာမှာ…အမြဲစောင့်လို့ပေါ့…။
လမ်းလျှောက်ရင်း..လက်လေးကိုင်မိရင်..”အိမ်ကတွေ့သွားမယ်” လို့ အမြဲရန်တွေ့တတ်ပြီး…ကျွန်တော်ကို ဘယ်လိုမှပြောမရရင်တော့ ဘယ်တော့မှ ရုန်းဖို့မကြိုးစားတတ်တာ.ကျွန်တော်ချစ်သူ။
လူလစ်လို့ နမ်းမိရင်..အမြဲဆွဲဆိတ်ခံရတာလဲ..နဝဒေးလမ်းထက်မှာပါ..။
အဲဒီလမ်းပေါ်မှာ..ကျွန်တော်တို့နှစ်ယောက်ရဲ့ မျတ်ရည်မိုးတွေစွေခဲ့ကြသလို…အနမ်းပန်းတွေလဲဝေခဲ့ဖူးပါတယ်..။။
ဒီလိုနဲ့..ခုထိ..နဝဒေးလမ်းပေါ်က မင်းရယ်သံဖွဖွလေးတွေကို တယုတယလိုက်ရှာပြီး သိမ်းဆည်း..သတိရလို့ထုတ်ထုတ်ကြည့်တိုင်း စနစ်တကျရက်စက်တတ်တဲ့ ကံကြမ္မာကို ငါမုန်းမိနေတုန်းပါပဲ ချစ်သူရယ်…။

ဒီလိုနဲ့..Aprilရဲ့..နေ့ရက်တွေကို..ရေစိုစို လမ်းမတွေပေါ်မှာ “သူ”နဲ့အတူတူ ကုန်ဆုံး..
တို့နှစ်ယောက်ရင်ခုန်သံဟာ အနီးဆုံးမှာရှိခဲ့ကြတာလေ..။
ဒီနှစ်မှာ “ပိတောက်ပန်း”တွေမပေးခဲ့ရပေမယ့်..ကျွန်တော်ရင်ထဲကတစ်နှစ်လုံး ပြုစုပျိုးထောင်ထားတဲ့ အလွမ်းပန်းတွေ..ချစ်သူခေါင်းမှာ “ဝေ”လို့ပေါ့..။
ကျွန်တော်လွမ်းတယ်..ချစ်သူရဲ့ ရေစိုစိုအနမ်းတွေကို…
ကျွန်တော်လွမ်းတယ်..ချစ်သူရဲ့ ရေစိုစိုနှုတ်ခမ်းတွေကို….
ကျွန်တော်လွမ်းတယ်..”သူ”နဲ့ ပတ်သတ်တဲ့ အရာရာတိုင်းကို….
အကျည်းတန်ကိုတောင်လှစေတယ်ဆိုတဲ့ နေဝင်ချိန်ဟာ တို့နှစ်ယောက်ရဲ့ တခဏတာ လမ်းခွဲချိန်ကိုတော့ မလှစေနိုင်ခဲ့ဘူးလေ…။

“ဟူး..”
ဆေးလိပ်တိုရဲ့ နောက်ဆုံး အဆိပ်ငွေ့တွေနဲ့အတူ..”သူ” အပျော်ဆုံးပါဆိုတဲ့ ကျွန်တော်ကျင်းပပေးခဲ့တဲ့ မွေးနေ့ပွဲလေးရဲ့ ပုံရိပ်တွေလဲ ဝေဝါးပျောက်ကွယ်….
365ရက်ကျော် ပြန်မရတော့မယ့်..ကြည်နူးခြင်းတွေ တစ်စစကွယ်ပျောက်…
“အမြန်ပြန်လာခဲ့နော်”ဆိုတဲ့ တုန်ရီနေတဲ့ချစ်သူရဲ့အသံကိုနားထဲကြားယောင်ရင်း…”ကြေကွဲမိုးတိမ်” တစ်ခု..ကံကြမ္မာမုန်တိုင်းနဲ့အတူ…
လွင့်..မျော်..ပျက်..ဆီး……
SMT FROUM
အောင်မြင့်မြတ်(မင်းသိကြား)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ