Friday 7 August 2015

ဘဝရဲ့ပျားရည်

ငါ့နောက်က နွားရိုင်းနှစ်ကောင်
နဖြူနဲ့ နနက်ကောင်
ဒီနှစ်ကောင် ငါ့ကိုတိုး
တံပိုး ကျိုးအောင်ပြေးလို့နေ…။

ငါ့ရင်က ဝန်လေး
ငါ့ခရီးကို ဖင့်နှေးစေ
သောကမြေ ခရောင်းလမ်း
မောဟမျက်ကမ်းနှင့်
ကြမ်းတမ်းတဲ့လမ်းက ငါ …။

အို… ဒါပေမယ့်
ဟို သစ်ကိုင်းကပျားရည်စက်
တစ်ချက်တော့ လျက်ချင်သေး
ငါ့တဏှာ မအိုသေးလို့…။

ဟို…ရှေ့နားက
ချောက်မှောင်မှောင်မှာ
နဂါးတစ်ကောင်က စားဖို့ပြင်
အမှန်ပင် ဒီတစ်လမ်းထဲ
ဒုက္ခရေ ပင်လယ်ကြမ်းလည်း
ပျားရည်ဆမ်းဖို့တော့
တွေးမိသေး…
SMT FOURM
ကဗျာကုန်ကြမ်းပြတ်နေပါပြီကဗျာဆရာများဖိတ်ခေါ်ပါတယ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ