Wednesday 26 August 2015

ချစ်သူသို့

ပြင်း ရှ ရှ ၀ိုင် တ ခွက် လို
အ ချစ် က ယစ် မူး စေ ခဲ့ ပြီ လား
မင်း အ ချစ် တွေ ကြား မှာ
မ ရုန်း ထွက် ချင် လောက် အောင်
ငါ နစ် မျော နေ မိ ပြီ...
အ ချိန် ပြည့် မင်း ကို တမ်း တ မှု ကြား မှာ
ဆက် သွယ် မှု ပြင် ပ ဖြစ် စေ တဲ့
အ ခိုက် အ တန့် တွေ က
ငါ အ ရူး အ မူး ခံ စား နေ ရ ပြီ...
ကောင်း သော ည ပါ ချစ် သူ ဆို တဲ့
ဒီ နေ့ တာ အ တွက် နှုတ် ဆက် စ ကား က
နောက် နေ့ ရက် များ စွာ အ တွက်
ခွန် အား တွေ ပါ ချစ် သူ...
အ ဆိပ် သင့် နေ တဲ့
လျစ် လျူ ရှု မှု တွေ က
င့ါ ရဲ့ တ ည တာ လုံး
ခြောက် ခြား စ ရာ တွေ အ တိ နဲ့ ပါ ချစ် သူ...
တမ်း တ တိုင်း သ တိ ရ မိ တဲ့ စိတ် တွေ ကို
မင်း ရှိ ရာ အ ရပ် ဆီ မှန်း ပြီး
ပြေး ပြေး လာ ပါ ရ စေ ချစ် သူ...
အ ရာ ရာ အ ဆင် ပြေ ပါ စေ ချစ် သူ လို့
နှစ် လို လက် ရ ဆု တောင်း ပေး ရင်း
ဝေး နေ ကြ ချိန်
လွမ်း မိ တဲ့ ည တွေ တိုင်း
မြတ် မြတ် နိုး နိုး ချစ် ရ တဲ့ချစ် သူ ရေ
အိမ် မက် က မ္ဘာ ထဲ
အ မြဲ လာ ပေး ပါ နော်...


အနှိုင်းမဲ့ချစ်ခြင်းမေတ္တာများစွာဖြင့်
မေ စံ ပယ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ