Wednesday 5 August 2015

သြော် မိန်းမ...မိန်းမ

ချစ်ပါနော် စကားတောင်မစပေမယ့်
ဟစ်ကာအော်နွားတစ်ကောင်ဘဝမှာဖြင့်
သနားသရောင် အနားတိုးကပ်ပြီး
နဖားကြိုးတပ်ကာ ထပိုးကျင့်ရတာကြောင့်အရိုးလဲရင့်ခဲ့နပြီပေါ့လေ
ယေက်ျားကတိ အကြိမ်ကြိမ်မှန်ခဲ့သော်လည်း
အောက်သွားမရှိ အလိမ်ခံရပြီမို့
အချိန်တန် နပိန်မကန်ရတဲ့အပြင်
အိမ်အပြန် ကြိမ်ဒဏ်အခါခါနွှဲပါလို့
ခွာနာ လျှာနာ စွဲခဲ့ပြီပေါ့မေ
ယတြာ စုတ်ထိုးတာတောင်မှ
အသားမာကုပ်ပိုးကမကြေ
ချူပ်ရိုးတွေသာ ထပ်ကာတိုး
အပြီးသတ်မတော့
အမြီးပြက်ကာ တိုခဲ့လေရဲ့
ချိုနဲ့ သရေပင်စင်းစားပေတော့
တွင်တွင်ဝါး ဖို့ကကောက်ရိုးတစ်ပုံ
နောက်တစ်မျိုးတစ်ဖုံ မက်လာက်တာက
မြက်ခြောက်ရယ် ကန်ရေနောက်သာပဲ
ခြေဖြောက်ကာ အသစ်တိုးလို့
သေလောက်စရာအဖြစ်ဆိုးတာတောင်မှ
ခြေထောက်ပါတစ်ဆစ်ချိုးလို့
မဟေမြှောက်ကာရှိးခိုးဦးမတဲ့လား ဟဲ့ *******ဗွေဖောက်တာ ***
cn
ဌေးအောင်(ဝိုင်းမော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ