Monday 3 August 2015

ချစ်သူသိပါစေ



ဝေးကွာခြင်းနဲ့
တည်ဆောက်ထားတဲ့
ဒို့နှစ်ယောက်ဘဝမှာ
နားလည်မူဆိုတဲ့
အရာတစ်ခု
လွဲချော်ခဲ့တယ်
ဆိုရင်တောင်မှ
ယုံကြည်ခြင်းတွေ
ပြန်တည်ဆောက်ဖို့
သံယောဇဉ်ဆိုတဲ့
ကြိုးမှမခိုင်မြဲ
ခဲ့တာပဲချစ်သူရယ်
အခုတော့လည်း
အထီးကျန်ခြင်းနဲ့
အဖော်ပြုပြီး
တမ်းတခြင်းနဲ့ပဲ
ညတွေ
ကျော်ဖြတ်ခဲ့ရပြီ ချစ်သူ
  မင်းမင်းစိုး
သရက်ချောင်•••
အခုလိုကဗျာတွေအမြဲပေးပို့တဲ့ညီလေးကျေးဇူးပါ

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ