Thursday 27 August 2015

ချစ်တဲ့သူလေးပြန်လာပါ

ချစ်တဲ့သူလေး ...ပြန်လာပါ...
ကဗျာရေးပြီးတဲ့ခါ
အသေအချာ
နင့်ကိုပထမပြပါ့မည်။
.
ချစ်တဲ့သူလေး ...ပြန်လာပါ...
နင့်မကြိုက်တဲ့အရာ
ဘာဆိုဘာ
ငါလေဘာမှမလုပ်တော့ပါ။
.
ချစ်တဲ့သူလေး ...ပြန်လာပါ...
နင်ဖုန်းပြောတဲ့ခါ
သေသေချာ
ကောင်းစွာပြန်ပြောပေးပါ့မည်။
.
ချစ်တဲ့သူလေး ...ပြန်လာပါ...
နင်ခိုင်းတဲ့အခါ
ဘယ်လိုအရာ
ငါ့မှာဆောင်နှင်းပေးပါ့မည်။
.
ချစ်တဲ့သူလေး ...ပြန်လာပါ...
လောကကြီးမှာ
နင့်တစ်ယောက်သာ
ငါလေချစ်ကြောင်းပြောပါ့မည်။
.
ချစ်တဲ့သူလေး ...ပြန်လာပါ...
နင်မလာတဲ့အခါ
ငါ့ကဗျာ
ကာရန်တွေပါပျောက်နေတယ်။.
.
ချစ်တဲ့သူလေး ...ပြန်လာပါ...
နင့်ကိုမတွေ့တဲ့ခါ
ငါ့ခမြာ
လွှမ်းမိုးသီချင်းပါဆိုနေတယ်။
.တွေ့လျှင်ပြောပေးကြပါ
သေသေချာ
ကျေးဇူးဆပ်ပါမည်။
.
ချစ်တဲ့သူလေး ...ပြန်လာပါ...
ချစ်တဲ့သူလေး ...ပြန်လာပါ...
တတ

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ