ကောင်မလေးရေ
ငါ့အလွမ်းတွေစိုထိုင်း
မိုးငွေ့သယ်တဲ့တိမ်တိုက်တွေလိုမှိုင်းနေနလိုက်တဲ့ပုံ
မုတ်သုန်လေတစ်ချက်တိုက်ရုံနဲ့ငိုတော့မယ်……
ကမ်းရိုးတမ်းလိုရင်ခွင်မှာစိုလက်
ပင်လယ်ဖက်ဆီကသတိရခြင်းတွေတတ်လာတယ်။
ဟောဒီတစ်သက်မှာ
ဘယ်တော့မှအိပ်မက်မမက်ဘူးတဲ့ကောင်
အခုတော့အလွမ်းတွေနဲ့မှောင်လို့
ကယောင်ကတမ်းညည်းရင်းလန့်နိုး
မုန်တိုင်းကမင်းနာမည်ကိုခိုးသွားတယ်။
အဲ့သည့်တစ်စုံတစ်င်္ရာသောမိုးလေ
ငါ့ကမ်းခြေအလွန်မှာရွာသွန်းလို့
အလွမ်းကထွက်တဲ့သွေးနဲ့
အိပ်မက်တစ်ခု လုံးစွန်းပေခဲ့တယ်။ ။
မင်းခိုက်စိုးစံ
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ