Tuesday 4 August 2015

ချစ်လွန်းလို့ပါမောင်ရယ်

မောင့်ရဲ့ လက်နှစ်ဘက်နဲ့ ခြေထောက်နှစ်ဘက်လုံးကို ခုတင်တိုင်မှာချိန်းကြိုးနဲ့ ချည်.....                          
ကျမအသုံးပြု့ မယ့် ကရိယာတန်ဆာပလာတွေ စီလိုက်တာနဲ့ လေးဆယ့်ငါးမိနစ်လောက်ကြာသွားတယ်......။                        
ပြီးတော့မှ...မောင် အိပ်ပျော်နေတာလေးကို ကျမ ထိုင်ငေးနေမိတယ်.....။                          
မောင်ကလေ....အိပ်နေတော့လည်း မျက်နှာလေးက အပြစ်ကိုကင်းလို့ပဲ ချစ်စရာလေး.....                        
ကျမမောင့်နဖူးလေး အနမ်းလေးပေးလိုက်တော့ မောင်နိုးလာတယ်....အဟိ                          
သူ့ ကိုချုပ်ထားမှန်းသိရော မျက်လုံးပြူး မျက်ဆံပြူးနဲ့ အော်နေလိုက်တာ...တခါတည်း....ခွေးဆိုးလေးအတိုင်းပဲ....                      
ဒါနဲ့ ကျမ မောင့်ကို မေ့ဆေးပေးလိုက်တယ်....                            
ဆေးကျောင်းမှာတုန်းက လက်တွေ့ ဆင်းတုန်းကတောင် ဒီလောက်စိတ်မလှုပ်ရှားဖူးဘူး...                        
အယ်....မေ့တော့မလို့ မောင်သတိရလာရင်ထအော်နေရင်အခက်ပဲ မောင့် လျှာလေးခဏ ဖြတ်ထားရမယ်...

ပြီးရင်ပြန်တတ်ပေးမှာပါ မောင်ရယ်...ခစ်ခစ် .....

နောက် ကျမချစ်တဲ့ မောင့်မျက်လုံးလေးတွေ ......

တခြားကောင်မလေးတွေကို ကြည့်လို့ မရတော့အောင် ကျမပဲ သိမ်းထားမယ်......

မောင့် မျက်ခွံလေးကို မျက်ခုံးသားနဲ့ တွဲပြီး အပ်ချည်ကြိုးနဲ့ ချုပ်.....

မောင် သတိရလာမှ မောင့်ကိုပြောပြီး မျက်လုံးလေးတွေ ယူမလို့ ပါ....

ဟော...မောင်သတိရလာပြီကိုး.....ကြည့်စမ်းမောင့် ဝူးဝူးဝါးဝါး ဖြစ်နေတာလေးက အသည်းယားစရာလေး...                        
" မောင်...မောင့် မျက်လုံးတွေ ကျမသိမ်းထားမယ်နော် " ဟား ဟ...မောင့် မျက်ဝန်းတွေ ကျမသိမ်းထားနိုင်ပြီ...

ဒီ မျက်ဝန်းတွေကို ကျမပဲ ပိုင်တယ်...မောင် ဘယ်မိန်းခလေးကိုမှ ကြည့်လို့ မရတော့ဘူး...ပျော်စရာကြီး...ခိခိ ခိ..

နောက်ပြီး ကျမ ချစ်တဲ့ မောင့် နားရွက်လေး...တဖက်လေးဘဲ ယူမှာပါ မောင်ရယ်....နော်...

အော် မောင့်လက်ချောင်း သွယ်သွယ်လေးလဲ ဖြတ်သိမ်းရအုံးမယ်...

မောင်ရယ် မောင်နဲ့ ပတ်သက်သမျှ ကျမ အကုန် သိမ်းထားတာပါ..

မောင် ပြောတဲ့စကားလေးလဲ ကျမရင်ထဲမှာ သိမ်းထားဆဲပါ...

'' ကို ဘယ်ရောက်ရောက် ကိုယ့် နှလုံးက မင်းအတွက်ပဲ " ဆိုတဲ့စကားလေးလေ...

အဲ စကားလေးက ကျမတယောက်တည်းအတွက် မဟုတ်ခဲ့ဘူးဆိုတာ ခု...ကျမ သိလိုက်ရပါပြီ မောင်.....။

မောင်ကလေ ကောင်မလေးတွေနဲ့ ပါတ်ရှုပ်နေရရင် ကျေနပ်နေတာပဲ မှတ်လား....

ဟွန်း..လူဆိုးလေး..အညင်ကက်ဖို့  ကောင်းတယ်...

ကဲ နောက်ဆုံး......ကျမ အလိုချင်ဆုံး မောင့် နှလုံးသားလေး....

မောင်...နည်းနည်းတော့နာလိမ့်မယ်နော်...သိလားလို့  ဟွန့်  ဘာမှလဲ ပြန်ပြောဘူး...

အော်..မေ့ပြန်ပြီ လျှာဖြတ်ထားမိတာကိုး...                              
ခစ် ခစ်...မပြောတာဘဲကောင်းပါတယ် တိတ်တိတ်လေးနေနော်                            
မောင်...ကျမဟာ ကျမလိုချင်ရတဲ့ အရာကို အမြဲ ဆုံးရှုံးရသူပါ....

ဒီ တခါတော့ ကျမ အဆုံးမခံနိုင်ဘူး...မောင့် နှလုံးသားကို ရအောင်ယူမယ်..

ဟင်! နံရိုးကို ဘာနဲ့ ချိုးရပါ့ ?? အဲ ..ပလာယာနဲ့  ခေါက်လိုက်မှာပေါ့နော့ ...

# # # ဟား ဟား ဟား ဟား ဟား # # #                              
မောင့် နှလုံးသားလေး ကျမ ပိုင်ပြီ...ကဲ ကျမ ဘာကိုမှ မကြောက်တော့ဘူး ဘယ်တော့မှလဲ အဆုံးရှုံးမခံတောပါဘူး...

ဟီး ဟီး.........မောင် ထတော့လေ ..ခစ် ခစ်..အွန်!! ထလည်းထဘူး...အိပ်ပျော်နေမှာပေါ့...

သေချာပါတယ် မောင်မနိုးတော့ပါဘူး..မနိုးလဲ ဘာအရေးတုန်း?

ဟာ ဟာ့.....မောင့် ခန္ဒာကိုယ် ကြီးလား ? မလို ချင်ပေါင်......

မောင့် နှလုံးသားလေးက ကျမ ရင်ခွင်ထဲမှာ...ပူနွေးစိုစွတ်လို့ ပေါ့...

ကျမ အတွက် ချစ်သူနှလုံးက ဘာနဲ့ မှ တန်ဖိုးဖြတ်လို့  မရပါဘူး...

ဒိအတွက် ကျမကို နှလုံးသားမုဆိုးလို့ တော့ နာမည်မတပ်လိုက်ကြပါနဲ့ နော်.......အခု~ ~ ~ ~

လူတွေနဲ့ ဝေးရာကို မောင့် နှလုံးသားလေးနဲ့  အတူ ထွက်ပြေးမလို့ လေ..ခစ် ခစ် ...။

လုံးဝ သေချာတာ တခုက ကျမနဲ့ မောင် ထပ်မဝေးတော့ဘူးလေ.....***
SMT FOURM
ထာဝရ ရယ်မောပျော်ရွှင်နိုင်ကြပါစေဗျာ
အောင်မြင့်မြတ်(မင်းသိကြား)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ