Thursday 6 August 2015

လမ်းအချိုးမှာပန်းတွေမွှေးတယ်

 နစ်ခဲ့မိတဲ့ နှလုံးသားတစ်စုံ

 ကျမအတွက်ကတော့ ရူးမိုက်မှုကို ရှေ့တန်းတင်လို

 ပေးဆပ်လိုက်ရတာ ကျစ်ကျစ်ပါအောင်

 ဆုပ်ထားခဲ့တဲ့  ကျမရဲ့ ချစ်ခြင်း။

 ဖြစ်ခြင်း၊ပျက်ခြင်းကို နားမလည်ခဲ့သလို

 သက်ဆိုင်သူ ထိုးခြေမွသွားခဲ့တာ

 ပေါ့ပေါ့ပါးပါးလေးပေမဲ့ ရင်ဘတ်မှာ ဖွားကနဲ

 နာကျင်မှုတွေ ပဲ့စင်ထွက်လို့ 

 ကွဲကြေကျရှုံးခဲ့တာ ကျမရဲ့ အိပ်မက်ကြီးတစ်ခုလုံး။

 သက်ဆိုင်သူ မလင်းစေချင်တဲ့အရပ်

 မဆင်းသက်စေချင်ခဲ့တဲ့ မြေပြင်မှာ

 ကျမရဲ့  ကောင်းကင်ပြင်ကြီးတစ်ခုလုံး

 ကြေမွပျက်စီးခဲ့တဲ့နောက်

 ချစ်တယ်ဆိုတဲ့ ခေါက်ရိုးကျိုးကလွဲ

 ပင့်သက်တွေထဲမှာ

 သက်ဆိုင်သူ နာမည်ပါဝင်ခဲ့တာ

 ကျမ မှားသွားခဲ့လားလေ
ရေးသားသူ-လင်းခေးသူ(SMT)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ