Saturday 22 August 2015

ရွက်လွှင့်သူ

သမုဒ္ဒရာပင်လယ်ပြာမှာ …
လှိုင်းကောက်ကောက် လှေအပေါက်နှင့်
လေမလာရွက်မသင့်လျှင်
သင် ချွတ်ယွင်း နစ်မွန်းလေ့မယ်…။

လှိုင်းအချိုးကလှေကိုတိုး
တံပိုးကျိုးသည့် လှည်းပမာ
ပဲ့မပါ ကျောက်မစူးတော့
နေမထူးလို့ မဆိုင်တာ တ
ပရမေသွာ ဗိဿနိုးတို့
သင်စုံအောင်ကိုးစေတော့လည်း
တကယ်တည်းပဲ နစ်တော့မယ် ။

ခရီးစက မခိုင်မာလျှင်
သင်မှိုင်ကာလက်ပုံချလေ
နောက်ကျမှ နောင်တတိုးလို့
ထပ်ပိုးသည့် ဗျာဝန်
လှိုင်းသလွန် ကုတင်အောက်
ငမန်းတွေ စာအိမ်ဟောက်လို့
ပါရမီ သင်ဖြည့်ဆည်းပေါ့ ။

ခရီးတွက် အချိန်တွေး
လိုရာကိုရောက်ဖို့အရေးဆို
လမ်းစမှာထိုင် စာရင်းကိုကိုင်
ရေကြောင်းနှင့် လေကြောင်းသင့်
သင့်လှေငယ်အဆင်သင့်သော်
ဥာဏ်ဝီရိယထပ်ကာဆင့်လို့
ရွက်လွှင့်ခဲ့လေ…။

ညို

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ