Saturday 22 August 2015

ရာမာယနဇာတ်လမ်းတို

မဟာရာမ ဝတ္ထုအရ
မယ်သီတာဟာ ရာမမင်းသားကို မြင်စဉ်ကတည်းက
နှစ်သက်ချစ်ခင်ခဲ့တယ်
ရာမ မင်းသား အယုဒ္ဓယကနေ ပြည်နှင်ဒဏ်ခံရချိန် နေခဲ့လျှင်ရပါလျက်
ချစ်တဲ့သူမျက်နှာသာမော်ဖူး တောအရပ်ကိုလိုက်ခဲ့တယ်
မိန်းမသားပီပီ ရွှေသမင်ကိုလိုချင်မိလို့ 
ပူဆာတောင်းဆိုတဲ့အခါ ချစ်သူက
ဖြည့်ဆည်းပေးမယ်ဆိုလေတော့ ပျော်မိပြန်တယ်
အပျော်ကခဏပါပဲ
ချစ်တဲ့သူအဝေးမှာဒုက္ခတွေ့ နေတယ်ဆိုပြန်တော့
အနီးကမတ်တော်မောင်ကို မရမက နည်းစုံသုံးလို့ ကယ်ခိုင်းမိတယ်
စည်းအပြင်မထွက်ဖို့ အသိ ရှိပေမဲ့လည်း
ကိုယ့်ချစ်သူနဲ့ မောင်ငယ် အတွက်
ဆုတောင်းပေးချင်စိတ်နဲ့ စည်းအပြင်ကိုထွက်
ရသေ့ကိုဆည်းကပ်လိုက်ကာမှ
ဒဿ ရဲ့ ပရိယာယ်အတွင်းသက်ဆင်းခဲ့ရတယ်
ချစ်သူမှတပါး အခြားသူကို မနှင်းအပ်လိုတဲ့ ဒီ ခန္ဓာ နဲ့ နှလုံးသား
အမျိုးမျိုး ကြိုးစားလို့ ထိန်းသိမ်းထားပေမဲ့လည်း
ဆယ်လကင်းကွာခဲ့လို့ မိဖုရားမပြုလို ၊ မလိုချင်ဘူးတဲ့
သီတာကတော့ သူ့ ကို ချစ်လို့  ဒဿ ကိုတိုက်လို့  ကယ်ဆယ်တယ်မှတ်ခဲ့တာ
သူ့ သိက္ခာအတွက် ပြန်လုယူတဲ့ ချစ်တဲ့သူ
ဒဿ သတ်လို့ မသေ ချစ်သူရာမကြောင့်သေပြီ
သီတာ့နှလုံးသားသေဆုံးခဲ့ရပြီ
မီးပုံတွင်းခုန်ဆင်း သစ္စာပြုလို့ မသေကာမှ
တောင်းပန်လို့ မိဖုရားအရာပြန်ထားခံရတယ်
အချစ်ကြောင့် အခါခါသေတဲ့ သီတာမ ပါလားး
ရံရွေတော်ကမေးလို့  ဒဿ ပုံဆွဲပြ မိခဲ့တာ
ချစ်တဲ့သူမြင်ရင် နဂိုကရှိခဲ့တဲ့သံသယ
ထပ်ပွားမှာစိုးလို့  စက်ရာအောက်ထည့်မိတာ
မိသွားတဲ့အခါကျ အုံ့ ပုန်းစွဲလမ်းနေသတဲ့
စွပ်စွဲရက်တဲ့ မင်းရာမ
အငြှိုးအတေးကြီးပုံများ
ခဝါသည်လင်မယားရန်ဖြစ်သံစကားကြားရုံနဲ့
အတိတ်ကို သတိရ
ကိုယ့်မယားကို တောနှင်တဲ့ချစ်သူ
ကိုယ့်ကြင်သူသက်ထား
ကိုယ်လေးလက်ဝန်ရှိနေတာတောင် မသိတဲ့သူ
သားအမြွှာမွေးလို့  ၁၆နှစ်ပြည့်တဲ့ထိ
သတင်းနားမစွင့် မေ့ထားနိုင်တဲ့သူ
သားတော်တွေမွေးကာမှထီးနန်း အတွက်
သားကိုပြန်ခေါ်ချင်လို့  သားတွေအမေကိုပါ
မတတ်သာလို့ ပြန်ခေါ်တဲ့ မင်းရာမ
ဒီလို အချစ်မသိ သိက္ခာနဲ့ အတ္တပဲသိတဲ့
မင်းရာမလို ယောက်ျားကို ချစ်မိတဲ့
မိန်းမသားတွေတိုင်း
သီတာလို အကြိမ်ကြိမ်အခါခါ
နှလုံးသား သေဆုံးကြရလိမ့်မယ်
squint emoticon
အဆင်ပြေပါစေ
အောင်မြင့်မြတ်(မင်းသိကြား)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ