Tuesday 25 August 2015

အားနာဖို့မလိုပါ

ချစ်သူရေ...
ချစ်တဲ့.......အကြောင်းလား
မတွေးအားဘူး
မိုးကြား
လေကြား
ရေတွေကြားမှာ
လူသားများစွာ
ကူပါ...ကယ်ပါ
ကိုယ်ချင်းစာလို့
ကဗျာမတွေး၊ စာမရေးအား
ဆေးဝါးအစ၊ကူညီရအောင်
ဟိုကသည်မှ၊လှူသမျှနှင့်
နိုင်သမျှထမ်း၊ရောက်သည်လောက်လှမ်း၍
ဒုက္ခသည်စခန်းသို့မြန်းလေပြီ။
.
ချစ်သူရေ..
စိတ်တူကိုယ်တူ၊အသွင်တူမလား
မတူအားလျှင်....
သင်သွားလိုရာသို့သွားနိုင်ပြီ။
(အားနာဖို့မလိုပါ)
တတိုင်းမွှေး

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ