Monday 24 August 2015

နောက်ရင်ခွင်မှာပျော်ပါစေ

လာကဓံ တရား

တို့တတွေကြံ့ကြံ့ခံရင်း

ဆိုးရွားတဲ့နေ့တွေကျော်ဖြတ်

ပိုကောင်းတဲ့နေ့တွေ ရောက်လာလိမ့်မယ် မျှော်လင့်ယင်း

ငါကြိုးစားနေခဲ့တာပါ ချစ်သူ

အလုပ်တစ်ဖက်

ကျောင်းကတစ်ဖက်

အချိန်တွေနည်းလွမ်း တဲ့အခါ

အဝေးမှာ ချန်ထားခဲ့ရလို့

မင်း ကို့ကို ငြိုငြင်လာခဲ့တာ သတိထားမိခဲ့တယ်။

ဒါပေမေ့ ချစ်သူ

ချေးငှား၊ ပေါင်နှံ

ရုန်းကန်ခဲ့ရ တာတွေနာကျဉ်းရင်း

သူမျာ စုံတွဲလို အကောင်းစားတွေ မဖြည့်ဆည်း ပေးနိုင်ခဲ့တာတွေ

နာကျဉ်းရင်း

ငါမင်းအတွက် ကြိုးစားနေခဲ့တာပါ

စိတ်ဆင်းရဲစရာတွေ ကြုံ လို့

ပူညံပူညံတတ်လွမ်းတယ်လို့

ငါအပြစ် ဆိုခဲ့ပေမေ့

ငါရင်ထဲမှာ ၀မ်းနည်းခဲ့ရတာ အမှန်ပါ

နင်ခေါ်တိုင်းငါမလာနိုင်

နင်ပျော်ချင်တိုင်း ငါ မဖြည့်ဆည်းနိုင်

အရင်အတိုင်း မဖြစ်နိုင်ခဲ့ပေမေ့

နင့်ကိုငါပြောခဲ့တယ်လေ

ငါကြိုးစားနေတယ် မကြာခင်အဆင်ပြေအောင်လို့ပါ  ... လို့

.... ဒီလိုနဲ့ မကြာခင်

နင့် အသံတွေ ငါဝေးသွားခဲ့ တာ

ငါခံစားမိတယ်

နင်အသစ်တွေ့သွား ပြီတဲ့

တစ်စုံတဦးကပြောတယ်

ငါမယုံခဲ့ပေမေ့

ဒါပေမေ့..............

ယုံ ရဖို့ အကြောင်းဖန်လာတော့

မွစာကြဲပြီး ၊ စုတ်ပြတ်သတ် နေတဲ့ နှလုံးသားနဲ့

လောက ကြီးကိုပဲ အပြစ်တင်လိုက်ပါတော့မယ်

ငါ့ အတွက် ဆိုးရွား ပေမေ့

....နင်.... နောက် ရင်ခွင်မှာ ပျော်ပါ စေဟာ... နော်
ရွှေမြို့တော်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ