Saturday 8 August 2015

ကောင်မလေးသို့ပေးစာ

ကောင်မလေး
သံယောဇဉ်သာ
စစ်မှန်ပါစေ
ရေသောက်မြစ်က
အတူးလှန်ခံခဲ့ရတောင်မှ
ငါတို့ဘဝလေး
ပြိုလဲမသွားဘူးဆိုတာ
ယုံနော့်
မျှော်လင့်ခြင်းဆိုတာလေးနဲ့
အချစ်ကိုလာတ်မထိုးနဲ့
သတိရတယ်ဆိုတဲ့
စကားလေးတခွန်းနဲ့တောင်
ကျေနပ်နေခဲ့တဲ့ ကောင်ဆိုတာသိလာ့း။
ချစ်သူ့
အလွမ်းဆိုတဲ့အရာမျိုးက
ကြာကြာဝါးမျိုထားလို့
မကောင်းတဲ့အရာလေ
ဒါကြောင့် ကျေနပ်အောင်
ချစ်ပါ့။
သေသပ်မှုလေးတခုတော့
ပါခဲ့စေခြင်ပါရဲ့။
ရင်ခုန်သံဆိုတာလေးက
ခေတ်သစ်သွေးတိုးရောဂါ
တစ်မျိုးလိုပေါ့
အချိန်မှန်တရေးနိုးတောင်မှ
ဒီရင်ဘတ်ရဲ့
ဝဲဘက်ရင်အုံအစပ်က
ခပ်မူးမူးလေးတော့
စွဲထင်ကျန်ရစ်ပြီးသားပါ့။
ဒီမယ့်ချစ်သူ
သံယောဇဉ်ကိုအသုံးမှားရင်
နှလုံးသားကိုပါးပါးခြင်း
ပျက်ကြွေနိုင်တာ
နင်သိပါနော့်
ဒါကြောင့်
ကန့်လန့်ကာဖွင့်ပြီး
ကြိုဆိုနေမှမဟုတ်ပါဘူး
ပြတင်းတံခါးလေးမှာ
မေးထောက်နေဖို့လဲ
မလိုဘူးလေ့။
အဝေးရပ်မှာနေ
မတွေ့ရမဲ့နေရက်တွေ
ရှိရှိလာတိုင်း
သတိတရ မျက်ရည်လေး
မဝိုင်းပဲနေပေးနိုင်ရင်ဖြင့်
ငါတို့ချစ်ခဲ့ရကြိုးလေးတော့
နပ်မှာပါ့။
ရင်ခုန်သံစစ်
သေသေသပ်သပ်လေး
ချစ်ဖို့တော့လိုတာပေါ့။
**
****
ရှိုင်း(စစ်တောင်း)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ