Sunday 2 August 2015

တောင်သမံအလွမ်း

မယ်ဇယ်ပင်တန်း တွေနဲ့ တောင်သမံရေးးးးးးးးး
ရေတွေလွှမ်းနေသလို
ချစ်သူတွေလည်းလွမ်းနေရောပေါ့
တူယှဉ်လျှောက်ဘူးခဲ့တဲ့ ခြေရာတွေသာ ပုံပြင်ဖြစ်ကောင်းဖြစ်မယ်
ပုဇွန်ကြော်တွေ ချိုသလို ချစ်ခြင်းတွေနဲ့ ကြည်နူးသူတွေလဲရှိမှာပေါ့လေ
ရေလယ်ခေါင်က သစ်ပင်အိုကြီးကတော့
လှေကလေးစီး ဇင်ယော်တွေအစာကျွေးနေတဲ့
ချစ်သူစုံတွဲလေးများကို ငေးကြည့်ရင်း
တနေ့ ငါ့ရင်ခွင်တောင်သမံကို
ဆုံတဲ့ချစ်ခြင်းအဖြစ်နဲ့သာပြန်လာပါ
မင်းတို့မျက်ရည်တွေနဲ့ ငါ့ရဲ့အမြစ်တွေ
ရိမသွားချင်ဘူးလေတဲ့
ချစ်သူရေ ငါဘယ်လိုကြွေရပါ့
ငါဘယ်လိုငိုရပါ့
ကုသိုလ်တော်က ခရေတွေလည်းဖွေးနေပြီ
မယ်ဇယ်ပင်အောက်မှာတော့ ငါတယောက်ထဲပေါ့
တောင်သမံရေးးးးးးးး
ဘာပဲဖြစ်ဖြစ် ငါလွမ်းနေပါရစေ
းးးးးးးးးးးးးးးးးးးးးးးးး
STRL(SBO)
မနေ့ကConnectionမရလို့မတင်ပေးအားဘူးဒီနေ့တော့အမုန်းတင်ပေးပါ့မယ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ