Monday 12 October 2015
ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၂၁
မိတ်ဆွေတို့ မင်္ဂလာပါ  ခု ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၂၁ ကိုတော့ ကျွန်တော် သွေးငယ်ကတာဝန်ယူ ထားတာဖြစ်ပါတယ်။ သွေးငယ် ကတော့  Beetalk groupကနေကဗျာများကိုတင်ပေးလိုက်ပါတယ်။
************************&*************************
ချစ်သူအို
အသစ်လူကိုတွေ့
ချစ်သူကိုမေ့တော့
ငါ့ရဲ့အချစ်က
မင်းအတွက်နစ်စေမယ့်အရာ
ဖြစ်ချေရော့သလား
ထားပါလေ ငါ့က
မင်းရင်ခွင့်ဖြစ်
အချစ်စစ်နဲ့မထိုက်တဲ့ကောင်
မှောင်မိုက်နေတဲ့
ဘဝနဲ့သူမို့အချစ်က
လှောင်လိုက်ရယ်လိုက်နဲ့ပြီးဆုံး
သံယောဇဉ်ခရီးအဆုံးမှာ
အမုန်းပဲရသင့်တယ်ပေါ့
ထားခဲ့သင့်တဲ့သူပဲ
ထားခဲ့ပေါ့လေ
အပြစ်တွေမဆိုရက်ပါဘူး
ဒါပေမယ့်
လမ်းကြုံလို့ရင်တိုင်တွေ
မမေ့နိုင်တဲ့အပြုံးနဲ့
နုတ်မဆက်ဖြစ်ရင်တောင်
စိမ်းကားဟန်ချဲ့
အပြုံးတွေမဖျက်ပါနဲ့လား
မင်းအတွက်တော့ငါက
ဘယ်အခါမှမချစ်အပ်
သံယောဇဉ်မထားတတ်တဲ့
ထွက်ဝင်ခိုနား
သံယောဇဉ်ခရီးသွားတွေ
အသက်ဆက်
ဇရပ်ပျက်က  ချစ်သူအို
                 လေးညို့ ရှင်
******************&*********************
မျက်ဝန်းလွှာဥ
သက်သေပြုကြွေ
လွမ်းမျက်ရည်တို့
စီးလည်ခွေရစ်
ပါးပြင်မြစ်ဖြစ်
သက်သေဖြစ်လေ
ထားရှိချေလည်း
မမြင်နိုင်သေး
မိုင်တွေဝေးလို့
ထိုချိန် ဒို့ဝေး
ခဏလေးမိုင်ကွာ
များနေပါလည်း
ဒို့ ရင်၌ဖြစ်
ဒို့ ချစ်သက်သေ
ဒို့ မျက်ရည်တို့
ကိုယ်စားပြုကြွေ
မြေခနေ၏
ဒို့၂ဦးရင်ဖြစ်
ဒို့အချစ်တို့
မုသားဟန်ချဲ့
မဖွဲ့နွဲ့ဘူး
ရင်၌ခံစားရေးသားထား
ချစ်တတ်သူတို့ သဘောထားတည်း
                                                  လေးညှိ့ ရှင်
*****************&*************************
လမ်းခွဲ 
အသေးအမွှားလေးဆိုပေမဲ့
မာနတွေပါသွားရင်
လမ်းခွဲတယ်ဆိုတာခဏလေးပါပဲ
နောက်မှနောင်တ
မရပါစေနဲ့
ချစ်သူနဲ့ကွဲတာကမ္ဘာပျတ်
မသွားပါဘူး
တကယ်ချစ်မိသူနဲ့
ကွဲရင်တော့ 
ကမ္ဘာပျတ်တာထက်ဆိုးတယ်
အကြောင်းမတိုက်ဆိုင်လို့
လမ်းခွဲခဲ့ရင်တောင်
အကြောင်းတိုက်ဆိုင်လို့
ပြန်တွေးမိတိုင်း
လိပ်ပြာလုံပါစေ
ချစ်သူရည်းစား
သစ္စာကို ကျိမ်စာ
မဖြစ်စေချင်ရင်
စ ကျောခိုင်းခဲ့သူ
ကိုယ်မဖြစ်ပါစေနဲ့
           သခင်ရဲ့ ကျေးကျွန်
********************&*****************-
*တန်ဖိုးမဲ့မျက်ရည်* ( ၁ )
ဖွင့်မပြောရက်ပေမဲ့ကြိုသိနေခဲ့တယ်
နင်နဲ့ငါ့ရဲ့ပစ္စုပ္ပန်မှာဟန်ဆောင်မှုတွေပဲ
နေရာဝင်ဝင်ယူနေခဲ့တာပဲချစ်သူရယ်…/\/*L့
ငါ့ဘဝငါ့အနာဂတ်
နင့်ဘဝအတွက်ပုံအပ်ခဲ့လည်း
ငါ့ဖြည့်သမျှနင်မှအလိုမရှိခဲ့တာပဲလေ…/\/*L့
ငါ့အတွက်နင့်အချစ်စစ်ငါလိုချင်နေခဲ့မိတာ
နင့်နှလုံးသားမှာငါပိုင်ဆိုင်ခွင့်ရတဲ့အရာ
အမုန်းနဲ့ငြိုငြင်မှုတွေပဲလေ…/\/*L့
ငါစိတ်မဆိုးရက်ပါဘူးဟာ
ငါ့အချစ်ဆိုတာ
နားလည်မှု ပေးဆပ်ခွင့် စွန့်လွတ်ခြင်းတွေပဲ…/\/*L့
နင်နဲ့မတွေ့ရတဲ့နေ့တွေ ငါလေ
နင့်ကိုလွမ်းလွန်းလို့ဖုန်းလေးတွေခေါ်နေမိတယ်
ဒါပေမဲ့ကံကောင်းခြင်းတွေက
ငါ့အတွက်ဖြစ်မလာခဲ့ပါဘူး…/\/*L့
ငါစိတ်မပျက်ခဲ့ပါဘူးဟာ
နင်သိခွင့်ရှိအောင် ငါနင့်ကို
င်္လွမ်းတယ်ဆိုတဲ့အကြောင်း
မက်ဆေ့လေးတွေပိုနေ့မိပြန်ရော
နင်ရောငါလွမ်းနေတယ်ဆိုတာ 
သတိရောရရဲ့လား
ငါ့ရင်ထဲမှာလည်းနင့်မက်ဆေ့လေးတွေ
မျှော်နေမိတယ်ဆိုတာတွေးမိလေမလားနင်
အတွေးများစွာနဲ့မျှော်နေမိတဲ့ငါ
အိပ်မရတာလည်းများနေပါပီချစ်သူရယ်…/\/*L့
အချိန်တိုင်းဆုံတွေ့ခွင့်မရှိနိုင်တဲ့
နင်နဲ့ငါ့အဖြစ် ငါသိနေခဲ့ပေမဲ့လည်း
ငါမိုက်ရူးရဲဆန်စွာတိုးချက်ခဲ့တယ်
ဝေဒနာတွေကြွေခဲ့ပေမဲ့…/\/*L့
                  Phyur…/\/*L့်
                                    မြတ်ခွန်သော်
***********-******&*****************
*တန်ဖိုးမဲ့မျက်ရည်* (၂ )
အဆုံးသတ်နှုတ်ဆက်တမ်းခြင်းတချို့မှာ
အလွမ်းတွေစီးမျော
နှလုံးသားမှာဒဏ်ရာဒဏ်ချက်တွေ
ရဲရဲတောက်လို့…/\/*L့
အနေဝေးလို့သွေးအေးတာလား
အပျော်တွဲလို့လမ်းခွဲတာလား
အသည်းခွဲရတာပဲနင်ခုံမင်နေခဲ့တာလား…/\/*L့
ထားပါတော့လေ
ငါ့အတွက်အချစ်ကရယူခြင်းမှမဟုတ်ခဲ့တာ
နာကြင်ခြင်းနဲ့ပေးဆပ်ရမဲ့ဝဋ်ကြွေးတခု
ဒါဟာ…/\/*L့
အရှုံးများနဲ့ငါ
နေသာပါတယ်ဟာ
နင်ပျော်မယ်ဆိုရင်ပေါ့…/\/*L့
စိတ်ထဲမှာသဋ္ဌာန်ချ
ငါနောက်ဆုတ်ပေးလိုက်မယ်
မျက်ရည်တစက်ကျတိုင်းငါ
နင့်ကိုတခါလွမ်းမယ်
မျက်ရည်တွေခန်းခြောက်သွားတဲ့နေ့
ငါ့ဘဝတခုလုံးလမ်းပျော်သွားမဲ့နေ့မို့
ဒီအလွမ်းတွေနင်အမှတ်ရပေးခဲ့ရင်
ငါမျက်ရည်တွေကျရကျိုးနပ်ပါပီ
ချစ်သူရယ်…/\/*L့
        Phyur…/\/*L့
                         မြတ်ခွန်သော်
*****************&*************************
   ကဗျာဂျာနယ်အတွဲ၁ အမှတ် ၂၁ ကတော့ဒီလောက်ပါပဲ
ကဗျာလေးတွေတင်ပေးလိုက်သူကတော့ ကျွန်တော်သွေးငယ်ပါ သွေးငယ်ကိုလဲ  အကိုသိကြားထံပို့ သလို ကဗျာများပေးပို့ ချစ်တယ်ဆိုရင်  viber & Beetalk ကနေပေးပို့ နိင်ကြပါသည်။အောက်မှာဖုန်းနံပါတ်နဲ့  Beetalk id ပေးလိုက်ပါသည်။
Viber =09791212208
Beetalk id =chitchittu
                                   သွေးငယ်
                                                   (Admin)                                               
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ