Saturday 24 October 2015
ကဗျာဂျာနယ်အတွဲ၁အမှတ်၃၀
ကဗျာဂျာနယ် အတွဲ၁ အမှတ် ၃၀ ပါ။အမှတ် ၃၀ ကိုတော့ BeeTalk  ကဗျာ Group ကကဗျာတွေတင်ပေးမှာပါ။
အချစ်ဆိုတာ
ဘာလဲ
သြော်းးအချစ်အချစ်
အပြစ်ရှာလိုက်
အချစ် ပိုလိုက်
မှောင်မိုက်ချိန်မှာ
အလင်းလာတော့
ပျော်မိတာပေါ့
ချစ်သူရာ
ချောင်ပိတ်နေတဲ့
နှလုံးသား အမှောင်ဖုံး
တဲ့ ဒီအသဲ
မင်းပဲလင်းစေနိုင်တာပါ
သိနေပါတယ်
သိနေပါတယ်
ဘယ်လောက်လင်းလင်း
နေမင်း ကြီးက
ပြန်ဝင်ဦးမှာမဟုတ်လား
ထားသွားမဲ့ ဆည်းဆာ
ပြာလဲ့တဲ့ညနေ
တွေဝေစွာမော့ကြည့်
သိလိုက်ပါပြီ
သိလိုက်ပါပြီ
သြော်းး ဝေဒနာ ဝေဒနာ
ဘယ်မှာလဲ တုန့်ပြန်မှု
ယုယခဲ့သလောက်
ပြန်မရ
ချေ ပ မှု
မတုန့်ပြန်
လော က ဓံ လား
ဝဋ်ကြွေးလား
ထားခဲ့မှာလဲ သိတယ်
မင်းအတွက်ပဲ
ကြည့်မယ်
ဒီထက်လည်းပိုတယ်
ဘာပိုတာလဲ
မမေးပါနဲ့
ငိုနေရင်းနဲ့
ရေးလိုက်တာပါ ချစ်သူ
ထက်လင်းဇော်
kse
*******-**************&**************
ဒေါသစကားပြောမှားဆိုမှားရှိခဲ့သမျှသြဝါဒမခံလိုတဲ့ဟန်ဆောင်သူတို့ရဲ့ပွဲမှာမရိုးသားချင်းတေးတပုဒ်ကိုသီချင်းလုပ်၍ဆိုပါရစေ---
ငိုကြွေးနေသူတွေ သူတို့ရဲ့မျက်ရည်တွေကိုကောက်ကြပါစို့--
မနေ့ကနေထုတ်လှန်းထားတဲ့ပရမ်းပတာအလွမ်းတွေနဲ့ပေါင်းစပ်ကောင်းမြတ်တဲ့ဓားတစ်ချောင်းဟန်ဆောင်သူတို့ရဲ့ပွဲမှာအသုံးဝင်မှာသေချာ----
ကဲ---ဒီနေ့ရောနေသာပါရဲ့လား----
           မိသား
*************&**************************
   ကြွေ
ပန်းတပွင့်ရဲ့
အကြွေခရီးမှာ
အနေမနီးတဲ့
နှလုံးသားအနွမ်းကို
လမ်းကြုံထည့်လို့
 ချစ်သူကိုညွန်းစေ
တခွန်းတလေသာ
နင်ကြားပါက
ငါလွမ်းနေသမျှပြေ
မှာတမ်းခြွေထား
မျက်ရည်များလည်း
ပင်လယ်ထိစီးဝင်
ခရီးနှင်လာသမျှ
အမောပန်းမပြေလည်း
တောပန်းတွေဝေတဲ့
မြေလမ်းမှာ
သခင့်အနမ်းတွေ
မျက်ရည်လို   ကြွေ။
သူရဇ္ဇ
****************&*************
ကံကြမာမုန်တိုင်း
~~~~~~~~~~~
လေတွေကထန်
လိုင်းတွေကကြမ်း
ဘယ်သည်ကကမ်း
ဘယ်သည်ကလမ်း
ဘယ်သို့ မျှော်ကာ
လွမ်းရမည်မသိ
ပင်လယ်ရယ်ပြာ
ရေပြာထက်မှာ
လှေငယ်တစ်စင်း
မနစ်မြုပ်အောင်
လှော်ခတ်ရင်းဖြင့်
ကံကြမ္မာမုန်တိုင်းကို
ငါရင်ဆိုင်မည်~~~~
                          သွေးငယ်(ပုသိမ်သား) 
~~~~~~~~~~~~~~~~~
Unicode version
ကံကြမာမုန်တိုင်း
~~~~~~~~~~~
လေတွေကထန်
လူိုင်းတွေကကြမ်း
ဘယ်သည်ကကမ်း
ဘယ်သည်ကလမ်း
ဘယ်သို ့မျှော်ကာ
လွမ်းရမည်မသိ
ပင်လယ်ရယ်ပြာ
ရေပြာထက်မှာ
လှေငယ်တစ်စင်း
မနစ်မြုပ်အောင်
လှော်ခတ်ရင်းဖြင့်
ဘဝရဲ  ့အခက်ခဲ
ကံကြမာ္မမုန်တိုင်းကို
ငါရင်ဆိုင်မည်~~~~
                          သွေးငယ်(ပုသိမ်သား)
***************&****************
စ စ ချင်းခင်
ညင်သာတဲ့ အပြော
သဘောကောင်းတဲ့
ညီမလေး
အရမ်းလဲခင်
ပျော်ရွှင် စကား
စာသားများက
ဖော်ရွေကာ
ပျော်ရွှင်စရာတွေ
မိတ်ဖွဲ့ ရင်း
ရိုးသားတဲ့ သူငယ်ချင်း
အထိမ်းအမှတ်
ထက်လင်းဇော်
    မှ
သူငယ်ချင်းအတွက်
လက်ဆောင်မွန်
*****************&**************
ကဗျာဂျာနယ်အတွဲ၁အမှတ်၃၀ကတော့ဒီလောက်ပါပဲ။သွေးငယ်ထံသို့ လဲကဗျာများပေးပို့ နိင်ပါသည်။
ပေးပို့ ချင်တယ်ဆိုရင်တော့
phone number &viber number
09791212208  သို့  viber မှာသော်လည်ကောင်း
Viber မသုံးရင်လဲ SMS(short message send)
ဖြင့်ပေးပို့ နိင်ပါသည်။
Email =www.patheintarlay60@gmail.com သို့ လဲပေးပို့ နိင်ပါသည်။
ကဗျာဂျာနယ် အတွဲ၁အမှတ် ၃၁ ကိုလဲအားပေးကြပါအုံး။
ကျေးဇူးတင်ပါသည်။
                                              သွေးငယ်(ပုသိမ်သား)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ