Friday 9 October 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၁၈

* အပြန်လမ်းလေးလှပါစေ *

မရဏ ခရီးကြမ်း
ခြောက်သွေ့မှု အနွမ်းနဲ့
စိုဆွတ်မှုအလွမ်းရဲ့ရစ်သမ်
မျက်ရည်တွေ မဖြေနိုင်ရှာခဲ့
သူအိုသူနာသူသေ…
မလွဲဧကန် ဖြစ်စရိုးမှန်လေမို့
သွားရမည်သာမလွဲ…
အိုခြင်းမကြောက် နာခြင်းပျောက်
ဒီခန္ဓာလွန် နောင်တဖန်မကြုံ လင်အောင်
မြတ်စွာ ဗုဒ္ဓေါ ဟောကြား သွန်သွင်
မဂ္ဂင်္ရှစ်ခွင် ငါးဖြာသီလ ပြည့်ဓမ္မ နှင့်
သဒ္ဒါ ပြရုဒ် တရားမြတ်ကို အားအင်ကျုံ့ စေ ကျင့်ကြံပွားကုန်
ငရဲမမြင် နိဗ္ဗာန်မလွဲ
ရောက်စေ နိုးဆော် အကျိုးမျှော်ဖြင့်
ကြွေးကြော်ထိုက်သူ အိုအဆွေ…/\/*L့
                         Phyur…/\/*L့
========================
ဒဿဂီရိက မယ်သီတာ
ကိုအသက်
ပေးပြီးချစ်ပြခဲ့ပါသည်
တာနောယက္ခက  
သမုက္ခသိင်္ဂီကိုအာခေါင်ထဲမှာ
ထည့်ပြီးချစ်ခဲ့တယ်
ဗျက်ဝိက ကွမ်းတစ်ယာ
ရေတစ်မှုက်နဲ့
လိင်ညာတာကို
သိလျှက်နဲ့မအိုဇာကို
အသက်စွန့်ပြီး
ချစ်ပြခဲ့ပါသည်
ကိန္ဒရီကိန္ဒရာကတစ်ညတာ
လေဝေရတာကို
နှစ်ပေါင်းခုနှစ်ရာဆွေးရ
တယ်လို့ဆိုကြတယ်
ကျန်စစ်သာမင်းက
မဏိစန္ဒာကိုစွန့်ခြင်နဲ့
ချစ်ခဲ့တယ်
အကိုကညီမလေးက
ိုသူတို့အားလုံးထက်ကို
တန်းဖိုးထားတယ်ချစ်
်ပါတယ်ထာဝရထက်
အကိုကတရက်ပိုပြီး
ချစ်ပါတယ်ညီမ လေးရယ်

ဗလ
========================

ရင်ခုန်ခဲ့ဖူးပါသည်
အချစ်ကိုတွေ့စ
ငယ်ဘဝ
ပျော်ရွင်ခဲ့ဖူးပါသည်
အဖြေကိုရ
ချစ်သူဘဝ
တိုင်တည်ဖူးပါသည်
သစ္စာကတိ
ပျက်သည့်သူသာ
အရူံးပါဟုဝန်ခံကတိ
အတူထားရှိခဲ့
အခုများသူမေ့
နေစိမ့်နိုင်အား
မောင့်အနားဖယ်ကျင်
နွယ်ပင်လိုစိမ်း
ဘယ်ယိမ်းညာချီ
မေ့ပြီထင်ရဲ့
မြင်လှည့်စေချင်
မောင့်ရင်မှာကား
အလွမ်းများနှင့်
အချစ်များသိုသိပ်
မျက်ရည်စိမ့်လို့
ပူလောင်နွမ်းလျ
တမ်းတရသည်
မောင့်ချစ်ဦးသူ
သိပါစေ

သူရဇ္ဇ
========================
••••••••••{ညီမလေးသိစေရန်}••••••••••

ညီ မ ကို လွမ်း လို့ အသဲ ကျွမ်း ရပြီး ပေါ့
နွမ်း လျှ မြေ မစီ တ နယ် စီ ခြား လို့
ဝေး ကွာ ခဲ့ ရပေး မဲ့ တမ်း တ မျှော် မှန်
ရင် ဝယ် နွမ်း ၍ လွမ်း ရက် အ သင်္ချေ
ညီ မ လေး သိ ပါ စေ ကြောင်း 
ဆု တောင် မေတ္တာ ပို့ သ နေ လျက် ပါ
ညီ မ လေး ဘယ် လောက် မုန်း မုန်း
အပြုံး နဲ့ နေ မဲ့ အကို ဘဝ က
ကံ ကြောင်း မလှ ခဲ့ ပါ ဘူးညီ မ လေးရယ်

ဗလ
========================

••••••••••••••{ ချစ် ဦး ငယ်}••••••••• 
     
       မ ချစ်ဘူး လို့ အချစ် ရူး သူ
       ကို လို လူ ကို တမင် စိမ်းကား
      မုန်း ပါ ငြာ လဲ မိုးဆုံးမြေဆုံး
      ကမ္ဘာဆုံးအောင် ခိုင်မြဲအသည်း
     ရင် ထဲစွဲ ပြီး ချစ် နေ မိ တယ်
      ချစ် ဦး ငယ် ကို အလွမ်း က မ္ဘာ
       တ နေ ရာ မှာ မ ကြင် နာ လို့
       မ ယှဉ် သာ ရင် နာ ဘဝ နဲ့
      ချစ်နေပြမယ်အချစ်ဦးငယ် ရယ်

ဗလ
========================

ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246 
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ