Thursday 8 October 2015

ကဗျာဂျာနယ်တွဲ ၁ အမှတ် ၁၆

ကျွန်တော့်groupမှာကဗျာတွေရေးပေးကြတဲ့သူငယ်ချင်းများနှင့်viberမှတစ်ဆင့်ကဗျာပေးပို့သောမိတ်ဆွေများကျေးဇူးပါနော်။ဒီနေ့တင်တဲ့ကဗျာတွေထဲမှာမိမိကဗျာလေးတွေမပါလို့စိတ်ဓာတ်မကျပါနဲ့နော်။ကျွန်တော်ကပထမဆုံးရောက်ရှိလာတဲ့ကဗျာကနေစပြီးတစ်ရက်ငါးပုဒ်နှုန်းတင်တာဖြစ်တဲ့အတွက်မကြာခင်ကိုယ့်အလှည့်ရောက်လာမှာပါဗျာ။Ok.:)
တကယ်တော့အချစ်က ရယူခြင်းဆိုငါရခဲ့တာ ဘာတစ်ခုမှမရှိပါဘူးးး ချစ်ရတာလည်းးးငါ နာကျင်ရတာလည်းးးငါ ဝမ်းနည်းရတာလည်းးးငါ လွမ်းရတာလည်းးးငါ ငိုရတာလည်းးး
ငါပါပဲဟာ    
ရေပဲခြားခြား မြေပဲခြားခြား     
 နှလုံးသားနု နှစ်ခုကြားမှာ အကြင်နာကြိုး
တစ်ချောင်းရှိနေရင်   
  ခုတ်လို့မရ ဖြတ်လို့မပြေ တို့တွေ လက်ချင်းခိုင်ခ
ိုင်ဆုပ်ကြပါစို့ချစ်သူရယ
သူဆိုတဲ့အရုပ်ကလေးဖြစ်ခဲ့ရင် နှလုံးသားရဲ့မျက်နှာပြင်ပေါ် အကြင်နာတွေအရည်ပျော်ပြီး မြတ်နိုးခြင်းစုတ်ချက်တွေနဲ့ အချစ်ရဲ့ပုံတူပန်ချီကားတစ်ချပ် သစ္စာကြေးတပ်လို့ရေးဆွဲချင်တယ် ချစ်တက်တာတွေပြိုင်ချင်လို့ပါချစ်သူရယ်

   ဗလ
*********************************
ကာင်မလေး
မင်းကြောင့် ငါ့ Heart Disk မှာ
Bad Sector တွေများနေပြီ…..

ကောင်မလေး
မင်းကြောင့် ငါ့ Registry မှာ
Virus ဝင်နေပြီ
Love.exe တဲ့………..

ကောင်မလေး
မင်းအကြောင်းစဉ်းစားရလွန်းလို့
ငါ့ Processor အတွက်အချက်တွေများပြီး
System လည်း Harm နေပါပြီကွာ….
အားလုံးအဆင်ပြေသွားအောင်
ငါ့ နှလုံးသားကို Format ချဖို့ကြတော့လည်း
မင်းနဲ့ပတ်သက်တဲ့ File လေးတွေ ပျောက်သွားမှာ စိုးတယ်ကွာ………
credit>>>www.shwemyotaw.com
အောင်မြင့်မြတ်
*********************************
ချစ်သူလေးရယ်
သတိရမယ်ဆိုမောင့်ရင်ခွင်ထဲ
ချစ်ပြေးလာနိုင်တယ့့်
မင်းတစ်ယောက်ထဲဖြစ်နိုင်ပ့ါမလားဆင်ပြေနိုင်မလား
မောင် မင်းပါပဲမောင့်ရင်ခွင်ထဲ
သတိရရင်ပြေးလာနိုင်တယ်
စိတ်အားငယ်တိုင်းငိုကြွေးနိုင်ဖို့
မောင်ရှိမယ့်ပြကဒိန်တွေလဲ
ချိန်ပြောင်းခါနေတယ်
သတိရ ရင်လေပြန်လာနိုင်တယ်
ချစ်ရယ်မျှော်လို့နေမယ်

   စုသီရိလင်း
*********************************
မျှော်လင့်ခြင်းတေးသံတွေပျံ့လွင့်နေတဲ့သမုဒယကောင်းကင်ယံမှာအလွမ်းရတုတွေပန်းနုရောင်အဖြစ်စီးဝင်နေခဲ့တယ်နွေရင်ကျိုးလို့မိုးဖြစ်ခဲ့တဲ့ရင်ငွေ့သွန်းမျက်ရည်သည်လည်းအိမ်မက်မြစ်ရဲ့ရင်ကမ်းပါးမှာလမင်းပန်ဖို့ကြယ်တွေခူးရင်းနဲ့ဆောင်းရိပ်ခိုမယ့်နွေနဲ့အတူအလွမ်းဆုပန်မယ့်ပန်းတခိုင်ကြွေသမျှထက်ပွင့်ခဲ့တယ်
         သူရဇ္ဇ
*********************************
ချစ်ခွင့်မရှိပြီ
~~~~~~~~
မြင်သာမြင်
မကြင်ရတယ့်ငါ့ဘဝ
လမင်းကို
တွေ့ နေပါလျက်နဲ့ 
ရယူပိုင်ခွင့်မရှိသလို့ 
စိန်ရွှေငွေဝိုင်းရံထားတယ့်
ဂုဏ်အိမ်ပေါ်ကမင်းကို
အဝေးကမျော်ကာငေး
တွေးလျက်ဆွေးနေရပြီ
နောင်ဘဝဆိုတာရှိခဲ့ ရင်
အခြေနေတူတယ့်
ဘဝတစ်ခုမှာ
တူတူဆုံစည်းရပါစေလို့ 
ဆံတော်ရှင်မြတ်ဘုရားမှာ
တောင်းဆုပြုခဲ့ ပါတယ်~~~~~~

                                                 သွေးငယ်
*********************************

ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246 
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ