နေခြည်တွေဖြာဆင်း
မိုးသောက်ရံရွာကလေးဆီ
ရွာဦးဘုန်းကျောင်းအုန်းမောင်းသံစည်
ချိန်မှန်တွန်ကျူးတိုက်ကြက်ဖလေးလဲ
အခါပေးတော့မည်
အွတ်…အီး…အီ…အွတ်…
လေညှင်းသုန်သုန်
ငွေနှင်းမှုန်လည်းရွာသွန်းမစဲကျတော့သည်
အုန်းမောင်းသံစည်ရွာဦးကျောင်းဝန်း
အနန္တဂိုဏ်းဝင်ကျေးဇူးတော်ရှင်
ရှင်ရဟန်းတို့အာရုံဆွမ်းခံကြွတော့မည်
ကြေးစည်သံလည်းနောင်ဝေဝေ…
ဆွမ်းအုပ်နီနီခေါင်းပေါ်ရွက်
သဘက်ညိုလေးပုခုံးပေါ်တင်
ရောင်နီမလာမီ(ရွာဦး)ကျောင်းဝန်းဆီ
ဆွမ်းလောင်းလှူ သူစုံစုံညီ
ဆွမ်းလောင်းလှူ ပွဲခြိမ့်ခြိမ့်သဲ
ကုသိုလ်စုတဲ့ပွဲ…
၃၈ဖြာမင်္ဂလာ
ကုသိုလ်ရေးမို့ပီတိဖြာ
စိတ်နှလုံးတွင်းကြည်နူးစွာ
ခန္ဓာစဲလည်းအပယ်လွဲ
မြတ်သောနိဗ္ဗာန်ရည်စူးကာ
သာဓုခေါ်ဆိုပါ
သာဓု…သာဓု…သာဓု…
ဖျာလိပ်
********************************
* အချစ်ကိုအပ်နှင်း *
ဟန်ဆောင်ကမာယာသုံး
နင်အချစ်တွေအတုလုပ်ရောင်းတယ်
အချစ်ကိုမှကိုးကွယ်တတ်တဲ့ငါ
နင့်အတွက်အဖြည့်ခံပေါ့
တဒင်္ဂသာယာပေမဲ့
တဘဝလည်းဖြစ်ချင်ခဲ့တယ်
ပြုစားရင်ပြုစားပါကွာ
အနားကနှင်မထုတ်ပါနဲ့
အချစ်ကိုအပ်နှင်းခဲ့သူမို့
တသက်တာအလင်းမဲ့သွားမှာကြောက်လို့………
Phyur/\/*L့
********************************
*ချစ်သူ *
*မတွေ့ရတဲ့နေ့တွေဆို *
*နှလုံးသားလေးအဆိပ်သင့်နေခဲ့ *
* နင်ကတော့ဘယ်သိနိုင်ပါ့မလည်းလေ *
* တခြားတယောက်ရင်ခွင် *
* ခိုဝင်ကာမှေးစက်နင်ပျော်နေရှာပီပဲ *
* ဆုတောင်းပေးမယ် *
* ငါ့မျက်ရည်တွေနဲ့နင်ပျော်ပါစေ *
* လွမ်းဆိပ်သင့်သူတယောက်ရဲ့သမုဒယ ရင်ခွင် *
* နင်မမြင်နိုင်ပါဘူးလေ *
Phyur/\/*L့
*********************************
*နောက်ဆုံးကဗျာ*
ချစ်သူရေ
မာနကိုကြမ်းခင်း
ဘဝကိုတက်နင်းလို့
လှပစွာလှည့်ထွက်သွားတယ်
အနိုင်မယူသူမို့………
ချစ်သူရေ
သိက္ခာကိုချွေချ
ဘဝကိုသံမှိုရိုက်
နင်ခံတွင်းမြိန်ရဲ့လား
ပေးဆပ်နေဆဲမို့…………
ချစ်သူရေ
ရေခဲ့ဖူးတယ်
အချစ်ကဗျာလေး
အမှတ်တရဖတ်ဖို့
ငါ့ရဲ့ထွက်သက်နဲ့
နင့်အတွက်
နောက်ဆုံးကဗျာ…………
Phyur/\/*L့
*********************************
* နင်နဲ့ငါ *
* နင် *
နင်ဆိုတာငါ့ဘဝရဲ့အလှသူဇာ
* ငါ *
ငါဆိုတာနင့်ဘဝရဲ့ခဏခိုရာ
* နင် *
နင်ဆိုတာ
မြင့်မြတ်သူတို့ဆင်တဲ့ပန်း
* ငါ *
ငါဆိုတာ
ဆူးခင်းလမ်းကအညာတရ
* နင် *
နင်ဆိုတာ
အချစ်နဲ့ဈေးတင်
ငါ့ဘဝကိုလေလံပစ်ခဲ့သူပေါ့
* ငါ *
ငါဆိုတာ
အချစ်ကိုအမွန်းတင်
စူးဝင်အောင်နစ်ခဲ့သူပေါ့
Phyur/\/*L့
*********************************
ကျွန်တော်လည်းမအားတာနဲ့ကဗျာဂျာနယ်ကိုအစီအစဉ်ပြောင်းပြီးadminနှစ်ယောက်ခန့်ပြီးတင်ခိုင်းထားရတာပါ။ဒီနေ့တော့ကဗျာဂျာနယ်လေးထပ်တင်ပေးလိုက်ပါတယ်ဗျာ။ဒီနေ့မှာမပါတဲ့ကဗျာတွေကိုလည်းနောက်နေ့တွေမှာတင်ပေးသွားမှာဖြစ်ပါတယ်။အခုလိုကဗျာတွေကို ကိုယ်တိုင်ပါဝင်ပေးပို့ချင်ယ်ဆိုရင်တော့09256480246
ကိုviberမှတစ်ဆင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ