Thursday 15 October 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၂၃

မင်္ဂလာပါ
အရင်နေ့ကကျွန်တော်ခရီးထွက်နေတုန်းကဗျာတွေတင်ပေးတဲ့ "သွေးငယ်"ကိုကျေးဇူးတင်
ပါတယ်။တောင်းပန်စရာတစ်ခုကကျွန်တော့်ဖုန်းကိုViberနဲ့ပို့ထားတဲ့ကဗျာပိုင်ရှင်တွေရဲ့ကဗျာတွေမှာကျွန်တော့်ဖုန်းဖန်းဝဲကျသွားလို့အကုန်ပါသွားပါတယ်။ဒီတော့မပါသေးတဲ့ကဗျာများကိုတစ်ဖန်ပြန်ပို့ဖို့တောင်းပန်ပါတယ်။ဒီနေ့ကတော့သူရဇ္ဇရဲ့ကဗျာတွေသီးသန့်ပဲတင်ပေးလိုက်ပါတယ်ဗျာ။
နောက်မကြာမီကဗျာဂျာနယ်လေးကိုအစီအစဉ်ပြောင်းတင်ဆက်တော့မှာဖြစ်ပါတယ်။အဲ့ဒါကတော့ကဗျာဝါသနာရှင်တွေကိုယ်တိုင်blogကိုတိုက်ရိုက်တန်းတင်လို့ရအောင်စီစဉ်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါဆိုကျွန်တော့်ကိုတကူးတကပို့စရာမလိုပဲblogမှာတစ်ခါတည်းတန်းတင်လို့ရမှာပဲဖြစ်ပါတယ်။ကျွန်တော်လည်းကြိုးစားတင်ပေးနေမှာပါ။

လွန်ပါစေအလွမ်းတွေ

နင်မယုံတက်လို့
ရင်ခုန်ရပ်ခဲ့တဲ့
လတ်ဆတ်တဲ့ရင်ခွင်
ပြင်ဆင်ဖို့
အချိန်မရခဲ့တဲ့
အသက်မဲ့ညနေတွေ
ကြိတ်မနိုင်ခဲမရ
လူးလွန့်နေရတဲ့
ကဗျာမဲ့ညတွေ
ရှင်သန်ရာ
ရေတပေါက်အတွက်
သေမလောက်ခံစားရတဲ့
ဒဏ်ရာမဲ့အလွမ်းညတွေ
အတိတ်ရဲ့ခေါ်ဆောင်ရာ
ဟိုးတဖက်ဆီအထိ
လွင့်မျောလို့
ရေမြေဆုံးတဲ့အထိ
လွန်နေပါစေ
ဒီအလွမ်းတွေ


သူရဇ္ဇ
********************************
မုန်းဖို့ကြိုးစားသူ

ကလေးရယ်
ဝေးမယ်လိုတွေးမိတိုင်း
ရင်ခွင်ဘယ်ဘက်
တခြမ်းလုံး
နာကျင်ခံစားရ
ငါဆုတောင်းလို့
ကြယ်ကြွေ
ကြယ်ကြွေရင်
ငါဆုတောင်းဒီလိုနဲ့
တနေ့နေ့ဆိုတာကို
တံတားထိုးရင်း
အလွမ်းနယ်ထဲ
ရောက်မှန်းမသိ
ရောက်ခဲ့ရ
ငါဘယ်လိုမှ
မခံစားနိုင်တဲ့အဆုံး
မင်းကို
မုန်းဖို့သာ
ကြိုးစားနေမိတယ်


သူရဇ္ဇ
*********************************
ခိုးခိုးပြီးလွမ်း

အလွမ်းသရုပ်ကို
နင်မသိအောင်
အပြုံးနဲ့တမံထုတ်
ဟန်လုပ်လို့
ကျေနပ်နေသမျှ
နေထွက်တဲ့
နွေနေ့တိုင်း
စိတ်ရိုင်းတွေ
ဟိုးတချိန်ကလို
ချိုးနှိမ်မရခဲ့
ချစ်သူရေ
နင်ဟန်ဆောင်ရင်
ပြန်တောင်မပြောဝံ့တဲ့
ငါ့အဖြစ်က
အချစ်တွေတဆင့်
တိုးတိုးလာတိုင်း
ခိုးခိုးပြီးလွမ်း
နင်မမြင်ကွယ်ရာမှာ
မျက်ရည်ကျနေတာ
နင်''သိနိုင်ပါ့မလား


သူရဇ္ဇ
*********************************
မျက်ဝန်း

ကမ်းပါးယံထက်မှာ
ဖူးပွင့်နေတဲ့
ပန်းတပွင့်ကို
ငါ့ရင်ခွင်မှာ
ဝင့်ထည်နေစေဖို့
သံယောစဉ်ကြိုးတချောင်း
သုံးလွန်းတင်လို့
မြဲစေခဲ့
ရှိစေတော့လို့
ပစ်ထားခဲ့တဲ့
ချစ်တက်တဲ့နှလုံးသား
ရုတ်တရက်
လန့်ဖျပ်ခုန်စေခဲ့တဲ့
မျက်ဝန်းတစုံကြောင့်
ရောင်ပြန်သံစဉ်လှိုင်းတွေ
စည်းချက်လွဲလို့
အသည်းလေးတစုံ
လန့်ဖျားဖျားနေပြီ
ချစ်သူ


သူရဇ္ဇ
*********************************
ရင်ခွင်ဦးပန်းတပွင့်

နူးညံ့ခြင်းအတွက်
စိုက်ပျိုးခဲ့တဲ့
ရင်ခွင်ဦးသစ်ပင်မှာ
အထပ်ထပ်နှောင်တွယ်လို့
ပန်းတပွင့်
နေရာယူခဲ့
သစ္စာထပ်ဖို့
သက်သေတခုအဖြစ်
ရင်နှစ်လွှာကြား
ပေါက်ဖွားလာတဲ့
ပန်းဦးတပွင့်အတွက်
အတ္တတခုစီနဲ့
လွဲနေတဲ့
ငါတို့ရဲ့လက်တွေ
ကတိတခုအတွက်
မြဲနေရမယ့်
အချိန်ရောက်ပြီချစ်သူ


သူရဇ္ဇ
*********************************

ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246 
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ