Saturday 17 October 2015

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၂၅



ကံဆိုး

အပြန်သွားမမျှလို့
ခံစားရတဲ့ဒဏ်ရာတွေ
စိန်ခေါ်လို့ပြေးတဲ့
အဝေးရောက်
စိမ်းရက်သူရဲ့
ခြေရာနောက်
တောက်လျှောက်
လိုက်သွားစေဖို့
ငါ့
မရည်ရွယ်ခဲ့တာအမှန်
အစာကိုမက်ခဲ့လို့
ဆင်သေကောင်ပေါ်
လိုက်ခဲ့မိတဲ့
ကျီးတကောင်လို
လှမ်းမျှော်ကြည့်လို့
ကမ်းပေါ်မည့်
အရိပ်ယောင်
မတွေ့တဲ့အဆုံး
ဆင်သေကို
ဆိတ်သရေနဲ့
ဖုံးဖို့သာ
ကြိုးစားနေမိတော့တယ်

သူရဇ္ဇ
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
မေမေ
မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ
သားရဲ့ ရှေ့ မှာ
အုပ်တံတိုင်းသဖွယ်
ကာကွယ်ပေးတယ့်မေမေ
မေမေနဲ့ ဝေး
တစ်မြေဆီရောက်မှ
မေ့ မေ့ ရင်ခွင့်
မေမေ့စကားတို့ 
သားလွမ်းဆွတ်လို့ နေပါပြီ
ပညာမွေပေးသားငယ်လေးတွက်
မေမေမေတ္တာစေတနာကား
မြင့်မိုရ်တောင်မယှဉ်နိင်
မိုးအာကာပင်ပြိုကျနိင်သည်
တာဝန်တွေပြီးလို့ 
ပညာတွေစုံရင်
အမေ့ ရဲ့ သားငယ်
မေမေ့ရင်ခွင်သို့ 
အရောက်ပြန်ခဲ့ ပါ့မယ်~~~


      မေမေ့သားလေး
သွေးငယ်
-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
ချစ်ခြင်းရဲ့အစဟာ
 ဂရုစိုက်ခြင်း ဖြစ်ခဲ့မယ်ဆိုရင်

ငါ…နင့်ကို အမြဲတမ်း မြတ်နိုးတန်ဖိုးထားပါတယ်…

လွမ်းခြင်းရဲ့အစဟာ မေ့မရခြင်းသာဖြစ်ခဲ့မယ်ဆိုရင်

ငါ …နင့်ကိုအမြဲတမ်း အချိန်တိုင်းသတိရနေမှာပါ …

မုန်းခြင်းရဲ့အစဟာ
  နာကျဉ်းခြင်းဖြစ်ခဲ့မယ်ဆိုရင်

ငါ…နင့်ကို အမြဲတမ်းနားလည
်ပေးပါမယ်ဟာ…

နာကျဉ်းမှုရဲ့အစဟာ
 ပြိုင်ဆိုင်ခြင်း ဖြစ်ခဲ့မယ်ဆိုရင်

ငါရဲ့…မာနတွေကို 
လျော့ချပေးပါ့မယ်ဟာ…

ခုတော့ နားလည်မှုလွဲနေတဲ့ 
နင် နဲ့ ငါ ဘယ်တော့မှ 

မဆုံစည်းရပါစေနဲ့လို့  ငါဆုတောင်းထားခဲ့ပါတယ်

လေးညှို့ရှင်
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
* ကမ်းလင့်မြေပြင် *

မယုံကြည်နိုင်စရာကောင်းအောင်
ငါ့ရှေ့ကနင်ကျောခိုင်းသွားတော့
ငါ့ပစ္စုပ္ပန်ဟာအရမ်းအထီးကျန်စရာကောင်းခဲ့တယ်…/\/*L့

နင်မဟုတ်တော့တဲ့
တခြားတယောက်ကို
ပြောင်းချစ်နိုင်ဖို့ကလည်း
ငါ့နှလုံးသားကခဲတံလို
အခုခြစ်အခုဖျက်လို့မရတဲ့
ဘောပင်တချောင်းဆိုတော့…/\/*L့

ဖြစ်ပီးပျက်တဲ့ဒီလောကကြီးမှာ
ဘယ်လိုပင်ဖြစ်နေပါစေ
နင့်အငွေ့အသက် နင့်အသံလေး
နင့်ပုံရိပ်များစွာက
နှလုံးသားမှာအမာရွက်ကျန်ခဲ့ပီ
ဖျက်လို့မရတော့ပါဘူးချစ်သူရယ်…/\/*L့
ငါအပင်ပန်းခံပျိုးခဲ့ရတဲ့
အဖြူရောင်ပန်းလေးတပွင့်ကို
တခြားသူတွေခူးဆွတ်သွားမှာ
ငါအကြောက်ဆုံးပဲ…
အချိန်တိုင်းမှာနင်ဆိုတာ
ငါ့ရဲ့ဖြစ်တည်မှုကြောင့်…/\/*L့

ဘယ်လိုပင်တောင်းဆုပြု ပြု
ဆုတောင်းမလှခဲ့တဲ့ငါ
ကောင်းကင်ကကြယ်တပွင့်
ကြွေကျတာကိုရင်နာနာနဲ့ကြည့်နေခဲ့ရတယ်
ကြယ်ကလေးရယ်ဘယ်ရင်ခွင်သက်ဆင်းလေမလည်း…/\/*L့

တကယ်တော့ငါဆိုတာ
ကောင်းကင်ကကြယ်တပွင့်ကို
ကမ်းလင့်မဲ့မြေပြင်တောင်
ဖြစ်ထိုက်ခွင့်အင်အားမရှိတဲ့
သူပါချစ်သူရယ်…/\/*L့
           Phyur…/\/*L့်

တိမ်ကလေး
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
"ရလဒ်မလှတယ့်ငါ့အချစ်"
မိန်းကလေးရေ
ရင်မှာပေါက်ဖွား
ဖြစ်ထွန်းလာတယ့်
အချစ်တစ်ခုကို
မြိုသိပ်မထားနိင်လွန်းလို့ 
ဖွင့်ပြောမိတယ့်အခါ
အနာဂတ်အတွက်မသေချာ
ပစ္စုပ္ပန်မရေရာတယ့်ငါ့ကို
ပြတ်သားတယ့်စကားလုံးနဲ့ 
မင်းငြင်းပယ်ခဲ့ တယ်
ငါအသဲမကွဲပေမယ့်
မျက်ရည်ကျလောက်အောင်
ဝမ်းနည်းခဲ့ တယ်
ငါ့အချစ်က
အမြဲရလဒ်ဆိုးနေကြမို့ 
ခံနိင်ရည်ရှိလာပါပြီကွာ~~~

                 သွေးငယ်
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။
========================

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ