Monday 19 October 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၂၇

ကဗျာဂျာနယ်နဲ့ အတူ သွေးငယ်ပြန်လာပါပြီ။

**********************&***************
နင့်

အလွမ်းစိတ်နဲ့
အိပ်၍မပျော်
သူခေါ်နေသံ
နံရံချပ်များ
ပဲ့တင်အားပြင်း
လွမ်းချင်းတစ
ရေးမရအောင်
ကျသည့်မျက်ရည်
ဝေ့ဝဲနေခဲ့


သူရဇ္ဇ

*****************&****************
နင့်

မျက်နှာစိမ်းတွေနဲ့
အရှက်သိမ်းဖို့
ရွယ်လေသလား
ခြေလှမ်းတွေ
ရှည်နေခွင့်
မေ့အနားမှာ
တည်နေခွင့်ကို
ရင်ဖွင့်လို
မျှော်နေစိတ်နဲ့
ထိတ်နေရှာ
ရင်ကိုဖိလို့
အရိပ်ခြေသာ
မြင်လိုအသိရယ်ကြောင့်
ခပ်လှမ်းလှမ်းက
ရှိနေချင်
နှောက်ယှက်တယ်လို့
ထင်နေသလား
ခက်ပါရဲ့
မြင်နေလျှင်သူမကြည့်
ကြည့်နေလျှင်သူမမြင်

သူရဇ္ဇ
*****************&**********
နင့်

လွမ်းဖူးသူတိုင်း
ရင်မှာမှိုင်းမြေ့
နေ့အနန္တညအသင်္ချေ
နွေပေါင်းများစွာ
သာယာမှု့ရှင်း
ညှာတာသူလည်းကင်းနေခဲ့
တဖက်သတ်အလွမ်း
မျက်စပ်ပန်းအထိ
ငိုသည့်မျက်ရည်
ဆူးစူးနေသလား
မစဉ်းစားပဲ
တင်းထားအံကြိတ်
မျက်လုံးမှိတ်
အိပ်လို့မပျော်
ဟစ်အော်ခေါ်လည်း
အဖော်ကြင်ဝေး
မျှော်လင့်ဆွေးမော
တွေးတောရက်ရှည်
တသက်ဖွေရှာ
ဝေဒနာများ
နွေမှာခါးဆဲ
ကြေညာအားလည်း
နည်းခဲ့ပေါ့

သူရဇ္ဇ
**************&**************

ချစ်သူရယ်
သေအတူချင်မကွာ
ဒီလောက်တောင်ချစ်ကြတဲ့ငါတို့ချစ်သူနှ်ဦးကိုဘာလို့များ
ကံကြမ္မာကြီးကပေါင်းဆည်းခွင့်မပေးရတာလဲလူဘဝကြီးမှာအသက်ရှင်ရှိနေလဲငါတို့နှစ်ယောက်ရဲချစ်ချင်းကိုတလောကလုံးသိနေလဲသူတို့တွေဘာမှမတက်နိုင်ကြပါဘူးဟနင်ငါ့ကိုဘယ်လောက်ပဲချစ်ပါတယ်ပြောပြောငါလဲနင့်ကိုအရမ်းချစ်တဲ့အကြောင်းတွေဘယ်လောက်ပဲပြောနေပါစေငါတိုနှစ်ယောက်ဘယ်လိုမှပေါင်းဆည်းခွင့်မရှိတာနင်သိသလိုငါလဲသိပါတယ်ချစ်သူဒါပေမဲ့နင်နဲ့ငါပေါင်းဆည်းခွင့်မရှိရင်တောင်ငါ့အနားမှာနင်ရှိနေသရွေသစ္ဓာရှိရှိချစ်နေမယ်ချစ်သူတနေ့နင်ငါ့အနားကနေထွက်သွားခဲရင်တောင်နင်မမြင်နိုင်တဲ့ဟိုးဝေးဆုံးတနေရာလေးကနေမပြတ်သောသံယောဇင်နဲ့နင့်ကိုအချိန်တိုင်းသတိရနေမှာပါ
         ချစ်သူရယ်..........

                 စိုးရိမ်လွမ်း.....

*********************&***************************

အလွမ်းသင့်သူ
~~~~~~~~~~

ကြွေရွက်ခါမြေခတော့
ငါ့ရင်မှာဝေဒနာတစ်ခု
ပေါ်ထွက်လို့ လာတယ်
အယ့်တာအလွမ်းဒဏ်ရာပဲ
မင်းနဲ့ ဝေးမှ
မင်းအပေါ်ထားတယ့်
ငါ့အချစ်တွေကို
ငါနားလည်လာတယ်
ခွဲဖို့ နေနေ
တခဏတာခွဲနေချိန်မှာတောင်
ရူးမတက်ခံစားနေရပြီ
ခုတော့မင်းကို ချစ်တယ့်ငါ
အလွမ်းသင့်သူဖြစ်နေပါပြီ~±~~


                              သွေးငယ် (ပုသိမ်သား)
**********************&**********************
ကဗျာဂျာနယ်အတွဲ၁ အမှတ် ၂၇ ကတော့ဒီလောက်ပဲပေါ့ဗျာ~~~~ အတွဲ၁ အမှတ် ၂၈ ကိုလဲဆက်လက်အားပေးကြပါအုံး။ကဗျာဝါသနာရှင်အျားရဲ့  ကဗျာတွေရှိပါသေးတယ်။ကျေးဇူးတင်ပါတယ်။
            
                                                      သွေးငယ်(ပုသိမ်သား)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ