Tuesday 13 October 2015
ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၂၂
ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၂၂ လာပါပြီ။အကိုသိကြားကရွာပြန်နေတော့ ၂၂ကိုလဲသွေးငယ်တာဝန်ယူလိုက်ပါသည်။
BeeTalk  group ကကဗျာများကိုတင်ပေးလိုက်ပါသည်။
~~~~~~~~~~~~~~~&~~~~~~~~~~~~~~~~
နာကျင်ပြီးသား
တိတ်တဆိတ်လာတဲ့
မင်းနှုတ်ခမ်းမှာ
လှောင်ပြုံးတခု
အမြဲတမ်းချိတ်ဆွဲ
အတိတ်ထဲမှာ
ငါဟာမင်းအတွက်
အမှိုက်တစဆိုလည်း
မီးပုံရှို့လိုက်ပါ
အငွေ့မပြယ်သေးတဲ့
အလွမ်းတွေနဲ့
ငါ့နှလုံးသားကိုပါ
ရောပြီးသင်္ဂြီုလ်ချင်လို့ပါ
ဒီအတွက်
ငါမျက်ရည်ကျ
နာကျင်နေရမယ်လို့
မင့်းမထင်ပါနဲ့
နင့်အတွက်နဲ့
အရင်ကတည်းက
ငါဟာငိုခဲ့လွမ်းခဲ့
နင့်အတွက်နဲ့ပဲ
နာကျင်ခဲ့ပြီးသားပါ
ချစ်သူ
သူရဇ္ဇ
~~~~~~~~~~~~~~~~~&~~~~~~~~~~~
မင်းရဲ့ခြေလှမ်းတွေ
မြေမခ့ပါစေနဲ့
မြေပြင်တခုလုံး
ကန္တာဖြစ်မှာစိုးလို့
မင်းရဲ့အမုန်းတွေ
ဝေဟင်ထဲရစ်ဝဲမထားလိုက်ပါနဲ့
ကြယ်စင်တွေ
မြေခ့မှာစိုးလို့
မင်းရဲ့အကြည့်ရိပ်တွေ
ပတ်ဝန်းကျင်ကို
ဝေ့မကြည့်မိစေနဲ့
စိမ်းလန်းခြင်းတွေ
ပြုန်းတီးသွားမှာစိုးလို့
ရက်စက်တဲ့
စကားလုံးတွေ
နှုတ်ဖျားကခွန်းဟမချွေပါနဲ့ချစ်သူ
ငါ့အသည်းနှလုံးတွေ
ကြွေပျက်မှာစိုးလို့ပါ
သူရဇ္ဇ
~~~~~~~~~~~~~~&~~~~~~~~~~~~~
* နွဲ့နွဲ့ရရဆိုးလိုက်ပါ *
စိတ်မစိုးပါနဲ့
ဒီမောင့်ရင်မှာအညိုးမဖွဲ့
စွဲလမ်းစိတ်နဲ့
တမ်းတဦးညွတ်
အမုန်းစကားသော့ခတ်လို့ထား…/\/*L့
အပြစ်မငြိုးပါနဲ့
ချစ်တဲ့စိတ်များ
မတွေ့ရခါ
လွမ်းစိတ်ပွား
ကတောက်ကဆစကားသွားထက်…/\/*L့
နားလည်မှုထား
ဒီရင်ခွင်အား
ချစ်မီးလောင်မိုက်
ကျွမ်းလောင်ခိုက်၏
မြင်တတ်အောင်ကြည့်…/\/*L့
သံသယမျက်
ဓားလိုထက်ရှ
သွေးစက်ခလည်း
အချစ်စစ်ကြောင့်
နှလုံးသားကိုထောက်မခြောက်နိုင်ဘူး…/\/*L့
နွမ်းရက်သည်းခြွေ
နှလုံးမြေမှာ
မှည့်ကြွေရလည်း
အချစ်အားနဲ့
မငြိုးရက်ဘူး…/\/*L့
အတ္တကိုယူ
မာနကိုရှေ့ထား
သက်မဲ့ရလည်း
ချစ်တဲ့စိတ်ကြောင့်
နွဲ့နွဲ့ရရဆိုးလိုက်ပါ…/\/*L့
                 ပြာသို…/\/*L့
~~~~~~~~~~~~~~~~~~&~~~~~~~~~~~~~~
* ဆွမ်း *
စပါးနှံလေးရေပြင်စိမ်း
လေဖြူးဖြူးနဲ့အေး…/\/*L့
တောတောင်ရပ်ခွင်ပြာ့ညို့ရီ
တောင်ကပို့ကသေး…/\/*L့
တဲစုစုချီလယ်တခွင်
နားပါခိုဝင်မှေး…/\/*L့
ရှေ့ဆုံးထက်ကကျောင်းသားလေး
ကြေးစည်သံကိုပေး…/\/*L့
ကိုရင်ငယ်ထွေးတန်းလျက်စီ
သပိတ်ပိုက်ကာနှေး…/\/*L့
ဟင်းချိုင့်ကိုယ်စီဆွဲလို့ရီ
နွမ်းရက်မူဟန်ဆေး…/\/*L့
                      ပြာသို…/\/*L့
~~~~~~~~~~~~~~~~~&~~~~~~~~~~~~~~
ကဗျာဂျာနယ်အတွဲ၁ အမှတ် ၂၂ ကတော့ဒီလောက်ပါပဲ
ကဗျာလေးတွေတင်ပေးလိုက်သူကတော့ ကျွန်တော်သွေးငယ်ပါ သွေးငယ်ကိုလဲ  အကိုသိကြားထံပို့ သလို ကဗျာများပေးပို့ ချင်တယ်ဆိုရင်  viber & Beetalk ကနေပေးပို့ နိင်ကြပါသည်။အောက်မှာဖုန်းနံပါတ်နဲ့  Beetalk id ပေးလိုက်ပါသည်။
Viber =09791212208
Beetalk id =chitchittu
                                   သွေးငယ်
                                                   (Admin)      
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ