Friday 2 October 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၁၄

ဒီနေ့အခုလိုကဗျာဂျာနယ်လေးတင်ပေးဖို့ဖုန်းငွေပို့ပေးတဲ့ညီလေးစိုးရိမ်လွမ်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

နေဘယ်လောက်ပူပူ
မင်းသာငါ့အနားရှိရင်
ထီးယူဖို့စိတ်ကူးမရှိဘူး
ငါဟာမင်းအတွက်
နေ့စွဲတစ်ခုသာဖြစ်ခွင့်ရရင်
ရက်ရာဇာပဲဖြစ်ပါရစေ
မောင်နှလုံးသားဟာ
သစ်သီးတစ်လုံးဆိုရင်
ချစ်နဲ့တွေ့မှ
ကြွေကျခဲ့တာပါ
ဥမ္မာဒန္တီလှတယ်ဆိုတာ
သူခေတ်သူ့အခါနဲ့ပါ
၂၁ရာစုရဲ့
နျူကလီးယားကင်ဆာခေတ်မှာ
ငါ့ချစ်သူအလင်္ကာအတွက်တော့
ဥမ္မာဒန္တီဟာ
ပါးပါးလေးပါ

ရေးသူ-ဗလ
========================
ထားရစ်ခဲ့ပါတော့

အလွမ်းတွေ နှုတ်ဆိတ်
ဖွင့်ပြဖို့တောင် မ၀ံ့ရဲမှတော့
ကိုယ့်ဘ၀ ..
မျက်ရည်နစ်တာ မဆန်းပါဘူး .....

ချစ်ခြင်းတွေေ၀၀ါး
ချပြဖို့တောင် အခွင့်မသာမှတော့
ကိုယ်ဟာ မင်းနဲ့ ..
တဖြည်းဖြည်းဝေးလာတာ မဆန်းပါဘူး .....

အချစ်နဲ့ အလွမ်း
ခံစားမှုသာသိပြီး
မင်းရှေ့ရောက်ကွယ်ပျောက်နေမှတော့
ဒီကောင်ကို မင်း ..
ထားခဲ့တာ မဆန်းပါဘူးလေ .....

ရေးသူ-ဗလ
========================
မင်းသင်ပေးခဲ့တဲ့ အလွမ်း

ကောင်မလေးရေ ..
ငါ့ဘေးနားမှာ မင်းမရှိတော့
အဖော်မဲ့ အထီးကျန်စွာ
အနာဂတ်လမ်းပေါ် ငါတစ်ယောက်တည်း

မျက်နှာပြင်ပေါ်ဖြတ်တိုက်
ငါ့ကိုနမ်းရှိုက်ဆော့ကစားသွားတဲ့ လေပြေတွေတောင်
ရင်ထဲအပူအလွမ်းတွေကို  ပြင်းပြင်းပြပြခံစားစေရတယ်

ကောင်မလေးရယ် ..
မင်းသိခဲ့ရဲ့လား
တစ်ချိန်တုန်းက ငါမခံစားတတ်ခဲ့တဲ့အလွမ်းတွေကို
အခုအချိန်တိုင်းခံစားတတ် လွမ်းတတ်လာအောင်
မင်းသင်ပေးသွားခဲ့ပြီ

ကောင်မလေးရယ် ..
နှလုံးသားတွေကွဲအက် နှလုံးသွေးတွေခန်းခြောက်
သည်းခြေပြတ် အရူးတစ်ယောက်လို
မင်းသင်ပေးခဲ့တဲ့ အလွမ်းတွေကို
ထာဝရထွေးပွေ့လျက်ပါ

ရေးသူ-ဗလ
========================
စိတ်မပျက်ပါနဲ့
ပိုချစ်တက်သူတွေအရှုံးပေးရတာ
ကမ္ဘာဦးထဲကထုံဆံပါ
အသဲကွဲခွဲတာနင်ဝါသနာဆို
ကြွေကွဲတာငါ့ကံဇာတာပေါ့ဟာ

ရေးသူ-ဗလ
========================
 နင့်​အနားမှာ​နေဖိုငါ့မှာ
အခွင့်​​ရေးမရှိ​တော့သ
လိုငါ့ရင်​ခွင်​ကိုပြန်​လာ
ပါလိုလည်ငါမ​ခေါ်ရက်
တော့ပါဘူး နင်​​ပျော်​တဲ့
အချိန်​ နင်​​ပျော်​တဲ့အရပ်
နင်​​ပျော်​တဲ့ရင်​ခွင်​ရဲ့
အ​ဝေးမှာနင့်​အတွက်
့ဖြူ စင်​သန့်​ ရှင်းတဲ့ချစ်
ခြင်း​မေတ္တာ​တွေကို​ဖွေ့
ဖက်ရင်းငါတစ်​​ယောက်
ထဲလွမ်း​နေဆဲပါ
             
ရေးသူ-မိသား
========================

ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ