Sunday 3 July 2016

မငိုမိအောင်ထိန်းရင်း


မဖြစ်နိုင်ပါဘူးဆိုတဲ့စကားကို

နှလုံးသွေးတစ်စက်စက်ကျလို့ 

နှုတ်ထွက်ပြောလိုက်ရတဲ့အခိုက်

ကိုယ်လေ ..

ဘယ်လိုများဖြေသိမ့်ရပါ့မလဲ ..

သိပ်ကိုချစ်မိခဲ့စဉ်အခါက

ကိုယ့်ကိုတမင်ရှောင်ခွာ

အဝေးမှာ နေနေခဲ့သူက

ဘ၀အတွက် ရွေးချယ်မှုတစ်ခုပြုမိပြီးချိန်မှာ

အနားကိုရောက်လာ

ကိုယ်မျှော်လင့်ခဲ့ဖူးတဲ့စကားတစ်ခွန်း

ဆိုလာချိန်နောက်ကျခဲ့တဲ့အခါမှာတော့

ရင်ထဲမှာ သွေးတစ်ပေါက်ပေါက်ကျ

ဒဏ်ရာတွေ ပိုအနာရလို့

မဖြစ်နိုင်ပါဘူးဆိုစကားကို ..

ရှိုက်သံမပါအောင် ထိန်းရင်း ပြောထွက်ခဲ့ရတယ် ...


မုန်း (BeeTalk)






ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ