Saturday 2 July 2016

ပြန်ဆုံမယ်ပြောခဲ့ပေမဲ့

<<< Zawgyi Version >>>





တကယ့်တကယ်မှာတော့


ဝေးချင်လို့ထွက်ခွာ








နှုတ်ဆက်ခဲ့ပါတယ် ...






မုန်း (BeeTalk)


နှစ်သက်ရာ ကဗျာလေးတွေရှိရင် ပေးပို့ ၊  တောင်းဆိုခဲ့လို့ရတယ်နော် ...





<<< Unicode Version >>>

ပြန်ဆုံမယ်ပြောခဲ့ပေမယ့်


ကံမကုန်ရင် ပြန်ဆုံကြဦးစို့ရဲ့

နှုတ်ဆက်ချိန်မှာ ပြောလိုက်တဲ့စကား

တကယ့်တကယ်မှာတော့

ဘယ်တော့များမှ ပြန်မဆုံတော့မှာသိနေတယ် ..

ဝေးချင်လို့ထွက်ခွာ

အနားကနေ ရုန်းထွက်ပြေးခဲ့တာမို့

ဘယ်လိုမှဆုံဖို့မဖန်ချင်တော့အမှန်

ပြောသမျှခေါင်းညိတ်လို့ 

လက်ညှိုးညွှန်ရာ စေဖြစ်ခဲ့တဲ့ အချိန်တွေကုန်ပြီ

ဒီအချိန်မှာ ရုပ်သေးရုပ်အဖြစ်

ကြိုးဆွဲရာ လိုက်ကဖို့ကတော့ 

ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အခြေအနေ

နှုတ်ဆက်ခဲ့ပါတယ် ...

ကိုယ်တို့နှစ်ဦးသာ သိခဲ့ပါတဲ့

ကိုယ်တို့ရဲ့ ပတ်သက်မှု

နောင်အခါပြန်မရတော့မှာကိုတော့

ကိုယ့်အတွေးထဲက သိနေတယ် ...


မုန်း (BeeTalk)



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ