Sunday 3 July 2016

တစ်သက်တာထာဝရ

တစ်သက်မှာ တစ်ယောက်

တစ်ယောက်သာ တစ်ဘဝ

ကိုယ့်အတွက် ထာဝရရှိသူပါ ... မေ

ရင်ဝယ်အစဉ် ငြိတွယ်လို့

ကိုယ့်အပြုံးတွေကို အသက်သွင်းပေးခဲ့

မင်းဟာ ထာဝရသခင်ပါ ... မေ

အနေတွေ ဘယ်လိုဝေးဝေး

အချိန်တွေ ဘယ်လိုပြောင်းပြောင်း

ကိုယ်ဟာမင်းအတွက် အသင့်ရှိသူပါ ... မေ

ဘ၀အတွက် ရုန်းကန်ရင်း

မောပမ်းနွမ်းလျကိုယ့်ဘ၀ထဲကို

တိုးဝင်ကာဖေးကူပေးလှည့်ပါ ... မေ

မင်းဟာ ကိုယ့်ဘဝ

ကိုယ်ဟာ မင်းဘ၀အဖြစ်

ထာဝရတွဲဆက်ချင်နေသူပါ ... မေ


မုန်း (BeeTalk)





ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ