စိတ်ကိုသတ်တဲ့ည
ဟောဒီ ညနေစောင်းတိုင်း
တို့မီး ရှို့မီးတွေလောင်မြိုက်
မပွေ့ပိုက်ထားတဲ့ ကာလမှာ
( တစ်ခုတစ်လေအတွက် )
အကြိမ်ကြိမ် ဝဋ်ကြွေးကိုပေးဆပ်
ဖဲ့ချလိုက်တဲ့ သိက္ခာမှာ
အသက်ကိုအသက်နဲ့လောင်းကြေးထပ်လို့ ။
ကိန်းဝပ်နေကြ ရှိုက်သံတွေက
( အခုထိလည်း )
အထူးတလည် မပြောင်းလဲခဲ့ပါဘူး
အရောင်ထွက်ပြနေကြ အာရုံထဲ
နူးညံ့မှုတွေက လှုပ်ခါလို့
ကစားနေလိုက်ကြတာ
( အခုတော့ )
ငါ့စိတ်နဲ့ ငါ့ကိုယ် အငြင်းပွားနေရရဲ့ ။
ဒါတွေဟာ . . .
ကြောက်ရွံနေကြမွေးဖွားခြင်းလို
သွေးချင်းချင်းနီရဲနေပြီ . .
အလင်းမဖြစ်တဲ့ရိုကျိုးခြင်းတွေက
ငါ့ စိတ်ကို အမြဲနှိပ်စက်နေခိုက်
အိမ်မက်မှာလည်း ခမ်းနေဆဲပါပဲ . . . ။
ပုံရိပ်ဇင်
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ