Saturday 2 July 2016

အသည်းကွဲ ဇာတ်သိမ်း

မချစ်ပါဘူးလို့မာန်တင်းထားလျက်က

ငါ့အတွေးတွေထဲ နင်သာစိုးမိုးထားခဲ့တာ ...

မဖြစ်ပါဘူးလို့ ကြိမ်းဝါးနေလျက်က

ငါ့စိတ်တွေကို နင်သာအပိုင်ယူသွားခဲ့တာ ...

ငါနင့်အပေါ်စိတ်မယိုင်ခဲ့သင့်ဘူး ...

နင်မှာငါ့ကိုမချစ်နိုင်တာသိနေလျက်က

ငါ့ဘက်ကချစ်မိသွားခဲ့တာ ...

တရားခံဘယ်သူလဲ ...

အရင်းပြန်စစ်ရင်တော့

နှစ်ယောက်စလုံးမှားခဲ့တာပဲလေ ...

လက်ခုပ်ကနှစ်ဖက်တီးမှ မြည်တာပဲမဟုတ်လား ..

ဒါပေမယ့် ..

အဲ့ဒီလက်ခုပ်သံမြည်စေဖို့

ဆွဲယူတီးခတ်ခဲ့တာ ငါကပဲစခဲ့တယ်ထားပါ ..

နင့်မှာအပြစ်မရှိပါဘူး ..

ဒီဇာတ်လမ်းတစ်ပုဒ်

အစကတည်းက ဇာတ်သိမ်းကိုကြိုတင်အကွက်ချခဲ့သင့်တာ ...


မုန်း (BeeTalk)







<



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ