Sunday 3 July 2016

ဖြေမဆည်နိုင်တဲ့အခါ

အထီးကျန်ခြင်းက မေးတယ်

ငါနဲ့နေရတာ အဆင်ပြေလားတဲ့

ပြန်ဖြေဖြစ်ပါတယ် မပြေပေမယ့်

ကျွန်မ နေသားကျနေပါပြီလို့....

မျက်ရည်လေးက မေးတယ်

ငါ့ကိုဘာလို့ခဏခဏတွန်းချနေလဲတဲ့

ပြန်ဖြေဖြစ်ပါတယ် မတွန်းချချင်ပေမယ့်

ကျွန်မ စိတ်မကောင်းဖြစ်နေမိလို့ပါလို့....

ကျရှုံးခြင်းက မေးတယ်

ငါတို့ခဏခဏတွေ့ဖြစ်တယ်နော်တဲ့

ပြန်ဖြေဖြစ်ပါတယ် စိတ်တော့မရှိပါနဲ့

ကျွန်မတို့နောက်ထပ်တွေ့နေရဦးမယ်လို့....

ချစ်ခြင်းတရားက မေးတယ်

ငါနဲ့ဝေးနေတာနင်မပျင်းဘူးလားတဲ့

ပြန်ဖြေဖြစ်ပါတယ် စိတ်တော့မရှိပါနဲ့

ကျွန်မ ရှင်နဲ့မတွေ့ချင်တော့လို့ပါလို့...

ရင်ခုန်ခြင်းက မေးတယ်

ငါအလုပ်မလုပ်ရတာကြာပြီနော်တဲ့

ပြန်ဖြေဖြစ်ပါတယ် စိတ်တော့မရှိပါနဲ့

ကျွန်မ နှလုံးသားလေးသေဆုံးသွားပြီဖြစ်လို့

ရှင်အလုပ်ပြုတ်ပြီလို့.......

ပျော်ရွှင်ခြင်းက မေးတယ်

ငါနင့်ဆီခဏအလည်လာချင်တယ်တဲ့

ပြန်ဖြေဖြစ်ပါတယ် စိတ်တော့မရှိပါနဲ့

ကျွန်မဆီက ရှင်ပြန်ထွက်သွားမယ့်အချိန်

ကြုံတွေ့ရမယ့် စိတ်ဆင်းရဲခြင်းတွေက

ဘယ်အရာနဲ့မှနှိုင်းယှဉ်လို့မရအောင်

ကြီးမားလွန်းလို့ပါလို့........


Credit - ဇင်ယော်မေရဲ့ရင်တွင်းကဗျာလေးများ







ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ