Tuesday 26 July 2016

ချစ်သစ္စာမပျက်တည်တံ့နေမယ်

တူနှစ်ကိုယ်ပေါင်းရဖို့

ဘယ်တော့များမှနီးရမယ်မသိလည်းပဲ

တို့နှစ်ဦး သစ္စာမြဲလို့ ..

ထာဝရအတွက် ပေါင်းဖက်ဖို့

ရည်စူးကာ တိုင်တည်ထားပါ့မယ် ..

ကိုယ့်အချစ် .. မင်းအချစ်

ချစ်သစ္စာတွေ ခိုင်ခိုင်ဆက်လို့

သံယောဇဉ်ကြိုးမြဲမြဲတွယ်ဆက်

မပြောင်းလဲတဲ့ မေတ္တတရားတွေနဲ့

သက်ဆုံးတိုင်ပေါင်းဖက်နိုင်ဖို့

ရည်စူးကုသိုလ်တွေလည်း စုရင်းပေါ့ ..

ချစ်သူရေ ..

ဘယ်တော့ဆိုတာ မသေချာပေမယ့်

ရင်ထဲက သေချာတဲ့ ချစ်မေတ္တာတွေနဲ့

တစ်နေ့နေ့ဆိုတာကို

နှစ်ဦးအတူ ရင်ဆိုင်လျှောက်လှမ်းကြရအောင်

လမ်းခရီးရဲ့ အဟန့်အတားတွေကို

တို့အတူ ရင်ဆိုင်ကြရင်းနဲ့ပေါ့ ...

မုန်း (BeeTalk)





ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ