Saturday 2 July 2016

လေထဲပျံ့လွင့်နေသောစကားလုံးတွေရဲ့အဓိပ္ပာယ်

အခုခေတ်စားနေတာက  ကိုရီးယားဖတ်ရှင်

အခုစားနေတာက  ယိုးဒယားအသားကင်

ငါ့ကိုလာလာမစားနဲ့ကွာ

အမွှေးစုတ်ဖွားခွေးကလေးက  

ငါ့အိမ်မက်ကိုထိုးဟောင်နေတာ…

စိတ်တွေညောင်းလိုက်တာပြောပြီး  အတွေးထဲ

သူ  ခွေချလိုက်တာ…

ကြည့်မကောင်းဘူး။

အရွက်ဖားဖား  စကားလုံးတွေ

နေ၀င်ရီတရောမှာ  သူပြောသွားခဲ့တယ်

ဟိုတုန်းကဆို…

ကွက်လပ်တွေရဲ့  နောက်တဖက်မှာ

ဇောက်ထိုးကြီးဖြစ်နေတဲ့  တနင်္ဂနွေ-

အတွေးထဲ  တစ်ဖက်ကန်းနေတဲ့ကြယ်တွေ-

ယုံကြည်မှုတွေ  ကျဉ်းမြောင်းလာနေမှန်း

အလိုလို  သတိထားမိတယ်။

အပိုတပ်ထားတဲ့  အတောင်ပံဟာ

လိုအပ်ရင်  အမြင့်ပျံဖို့သိပေမဲ့

ပြတ်ကျနေတုန်းပဲ

တစ်ချက်

နှစ်ချက်

သုံး၊ လေးချက်

အလွမ်းပြတ်ရှဒဏ်ရာများက  သွေးထွက်လွန်နေပြီ ....


ဆူးရင့်အိမ်


နှစ်သက်ရာ ကဗျာလေးတွေရှိရင် ပေးပို့ ၊  တောင်းဆိုခဲ့လို့ရတယ်နော် ...




ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ