Thursday 7 July 2016

အရင်က ကိုယ့်ချစ်သူ

ချစ်နေသေးတာပဲ ...

ဘာလို့များဟန်ဆောင်ကောင်းနေသေးတာလဲ ..

မင်းမပြောတဲ့အချစ်စကားတွေက

မင်းမျက်ဝန်းကတစ်ဆင့် နှလုံးသားကိုမြင်နေရတဲ့အခါ

ကိုယ့်ချစ်သူရယ်

ကိုယ့်အမှားတွေအတွက် တောင်းပန်ပါတယ်

မင်းအချစ်တွေကိုထင်ဟပ်ပြလှည့်ပါ 

တစ်ချိန်ကမှားခဲ့ဖူးတဲ့အမှားတွေအတွက်

ကိုယ်ဝန်ချတောင်းပန်ပါတယ်

မင်းနှလုံးသားကို ...

နောက်တစ်ကြိမ်ငါ့ထံအပ်နှင်းလှည့်ပါ ...

နောင်ဘယ်တော့မှ

ထပ်တူညီတဲ့အမှားမျိုးမမှားစေရဘူးလေ .... တဲ့ ...

ကျွန်မသိပ်ချစ်ခဲ့ပါတယ် ... ချစ်နေဆဲပါပဲ .. 

နောင်ကိုလည်း ဆက်ချစ်နေဦးမှာပါ ...

ဒါပေမယ့် .. ချစ်တာကသပ်သပ် ... မယုံကြည်တာကတစ်ပိုင်းလေ

နောက်ထပ်တူညီတဲ့အမှားမျိုးမဖြစ်စေရဘူးတဲ့လား

ဒါပေမယ့် မတူညီတဲ့နောက်ထပ်အမှားမျိုးအတွက်ကော

ကျွန်မကို ဘယ်သူကအာမခံပေးမှာတဲ့လဲ ..

ဝေးလက်စနဲ့ ထပ်ပြီးတော့ ဝေး ... ဝေး မှာနေလိုက်ကြတာက

နှစ်ဦးစလုံးအတွက် ပိုကောင်းမယ်ထင်ပါတယ် ....

သိပ်ချစ်ခဲ့ဖူးတဲ့ .. ချစ်နေဆဲဖြစ်တဲ့ .. ချစ်နေဦးမှာဖြစ်တဲ့

တစ်ချိန်က ချစ်တဲ့သူ .....


မုန်း (BeeTalk)




ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ