Saturday 27 August 2016

လောင်မြိုက်စေတဲ့အဖြူ




လောင်မြိုက်စေတဲ့ အဖြူ

++++++++++++++++++

ပူလောင်လွန်းတဲ့ လမ်းမတစ်ခုထက်

ခြောက်ကပ်အက်ကွဲနေတဲ့ မြေပြင်ပေါ်မှာ

ဘုကျကျမျက်နှာပေးနဲ့ 

ခပ်ပေပေလူတစ်ယောက်ရပ်နေတယ် ...

အပူဒဏ်ကိုလည်းမမှု

သူ့ရင်ထဲမှာက ပိုပူနေတာကိုး ...

နွေခေါင်ခေါင် နေပူကျဲကျဲအောက်

ကတ္တရာရဲ့ တထောင်းထောင်းထနေတဲ့အပူရှိန်က

သူ့ရင်ထဲကအပူကိုမမှီပေဘူး ...

တချို့ကတော့ပြောကြမယ် ..

အချစ်အတွက်ဒီလောက်အထိပူလောင်နေဖို့တန်သလားတဲ့ ...

သူကတော့ ... အချစ်အတွက်ပူနေတာတော့မှန်တယ် ..

ဒါပေမယ့် ... အဲ့ဒီအပူတွေက 

မာနတစ်ခုကို ရိုက်ချိုး .. စေတနာတွေစော်ကားခံရမှုတစ်ဆင့်

အဖြူရောင်အချစ်တွေကဖြစ်လာတဲ့ အပူ

၅၂၈ ကလာတဲ့အပူက

၁၅၀၀ အပူထက်ပိုနာတယ် ...

မုန်း (BeeTalk)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ