Friday 19 August 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၉၀

❆ မင်း​လေးသိဖို့ ❆

အချစ်​ကိုကိုးကွယ်​ရ​အောင်
ငါကကိုးကွယ်​စရာမရှိတဲ့
ဘာသာမဲ့မဟုတ်​...

အသဲကွဲလို့အရက်​​သောက်​တာပါ
အဲ့ဒီလို​ပြောတတ်​တဲ့
ခန့်​တုးံတုးံ​ယောကျာင်္း​တွေထဲ
ပါဝင်​မှုမရှိတဲ့ငါ
အရက်​​သောက်​ဖို့​ခေါင်းစဉ်​တပ်​စရာ
အဲ​လောက်​မရှား...

မင်းရဲ့​ခြေယာ​တွေ
ငါ့အသဲမှာတံဆိပ်​ခတ်​ခဲ့သတဲ့
ဟုတ်​လား
ကမ်းစပ်​မှာခဏတာရှိ​နေတဲ့
ခြေရာတစုံလှိုင်းမတက်​ခင်
ရှိ​နေသ​လောက်​...

အဲ့ဒီ​လောက်​ အဲဒီ​လောက်
ပြော​နေတာ​တောင်
မင်းပါးစပ်​ကငါ
အချစ်​ရူးတဲ့

             စုန်း
===================================
❆ ကျမချစ်​​သောအရုပ်​​လေး ❆

လောကကြီးကပါဆယ်​တစ့ထုပ်​အ​ပေး
ကျမခဏ​လေးအတွင်းဖွင့်​ကြည့်​မိ​တော့
အရုပ်​​လေးတရုပ်​ရှိ​နေတယ်
ခေါင်းညိတ်​တတ်​တယ်
ပြန်​​ပြောတတ်​တယ်
သူဟာကျမအတွက်​ဂိုက်
သူဟာကျမအတွက်​အိုင်​​ဒေါ့
သူဟာကျအတွက်​.....
......
.......
ပျင်းတဲ့အခါသီချင်းဖွင့်
လိုအပ်​တဲ့အခါခိုင်း​စေ
ကျမပြုသမျှနုတဲ့အရုပ်​​လေး
စိတ်​ဆိုး၊စိတ်​​ကောက်​၊စိတ်​ညစ်​တိုင်း
သူဟာကျမအတွက်​စိတ်​​ဖြေသိမ့်​စရာ
ကျမမဲ့ရင်​သူပြုးံတယ်
ကျမပြုးံရင်​သူရီတယ်
ကျမရီ​နေရင်​သူ​ပျော်​လို့
ကျမထက်​တဆင့်​အမြဲသာတယ်
ကျမဒီအရုပ်​​လေးကို
အသုးံပြုတာများလို့ညစ်​​ပေသွားတဲ့အခါ
ဆေး​ကြောဖို့အတွက်
ဆပ်​ပြာမရှိမှာဘဲစိုးရိမ်​မိတယ်​​လေ
အခုဒီအရုပ်​​လေးရဲ့
နှစ်​ပတ်​လည်​မကျ​ရောက်​ခင်
ဆပ်​ပြာမှုန့်ရှာ​နေတယ်
မညစ်​​ပေခင်​ကြိုတင်​​ဆောင်​ထားဖို့....။

              စုန်း
===================================

အမုန်း​ကြေ​စေ

ပျော်ဝင်စွာအိပ်မရ
စိတ္တဇဆန်တဲ့
အ​တွေးပူကို
ဘေးလူမသိ
ကြည့်လည်းမမြင်
ငါရင်မှ​ဝေဒနာ
ငါသာအသိဆုံး
နင်သင်ပုန်းမ​ချေခဲ့တဲ့
အမုန်း​လေသံနဲ့
စေတန်နတ်ဆိုးကိုနိုးလို့
ကံဆိုးမိုး​မှောင်ကျခဲ့တဲ့
ငါ့ရက်ရာဇာ​တွေလည်း
အသက်ခန္ဓာမမြဲချင်
နင်တလွဲထင်လို့
မုန်းခဲ့​လေသမျှက
ငါ့မျက်ရည်
အဆုံးမဲ့​ကြွေကျဖို့ဖန်
နင်အမှန်မမြင်နိုင်​သေးသ၍
အိပ်​ငွေ့မကျ​သေးတဲ့
ငါ့မြင်လွှာနှစ်စုံကို
မြင်သာရုံဖွင့်လို့
မျက်ရည်တပွင့်
လွင့်​ခြွေလိုက်မယ်
နင်​ကျေနပ်ပါ​တော့ ။


          သူရဇ္ဇ
===================================

❆ သဏ္ဌာန်​တူပုံကွဲ ❆

သားညညခြင်​​ထောင်​နဲ့အိပ်​​နော်
အ​ဝေးကအ​မေမှာတဲ့စကားသံ
ပြန်​ကြား​ယောင်​မိ​သေး
အ​မေမသိပါဘူး
သား.....ညညအချစ်​​ထောင်​နဲ့အိပ်​​နေမိတာ
ခြင်​တ​ကောင်​တံ​တွေးဂလင်းထိုးသွင်း
သွေးကျဲမှစုပ်​ယူ
ဗိုက်​တင်းလို့အသိုက်​ပြန်
သဏ္ဌာန်​တူအ​ကောင်​​တွေ
မျိုးပွားဖို့တဲ့
အချစ်​တ​ကောင်​အကိုက်​ခံ
သားအဖြစ်​ကလည်း
ဟန်​​ဆောင်​၊လိမ်​ညာ၊
မာယာချိုသာမှု​တွေထိုးသွင်း
မေတ္တာ၊သစ္စာ၊ချစ်​တာ​တွေ
ယုံကြည်​မိပြီးမှ
နှလုံးသား တစုံစုပ်​ယူ
နောက်​ကွယ်​မှာ​ဖောက်​ပြန်​တဲ့နင်​လည်း
မျိုးပွားဖို့အတွက်​ဘဲလား
ခြင်​ကိုက်​ရင်​ဖု​လေးဖြစ်
ယားကျန်​ရစ်​တာ
လူတိုင်းသိတယ်
နင်​ကိုက်​တဲ့အချစ်
ဖု​လေးဖြစ်​ ယားကျန်​ရုံတင်​မက
မ​နေနိုင်​လို့သွားကုတ်​မိတဲ့ငါ
အနာ​လေးပါဖြစ်​​နေခဲ့ပြီး....။

              စုန်း
===================================
စည်းတဖက်ခြား

ခင်မင်ခြင်းအစ
ဆုံ​တွေ့ ရတဲ့
လေလှိုင်းကြားက
နေ့တိုင်းကြားခဲ့ရတဲ့
မင်္ဂလာပါ အသံ
တွယ်တာမှု့ 
ရောင်ပြန်ဟပ်လို့
မြတ်နိုးစွာချစ်မိ
နင်သိ​အောင်​တော့
မ​ပြော​တော့
ငါ့ရင်ခွင်မှာပုံရိပ်ထင်
နင်မြင်​အောင်လည်း
မပြ​တော့
ချစ်​နေတာကိုချိုးနှိမ်
ဟိုးတချိန်က
သူငယ်ခြင်းအဖြစ်သာ
ဆက်ရှိ​စေလို့
အတက်မသိ​လေတဲ့
အနာဂါတ်မှာ​တော့
တဖက်သတ်ငါ့အချစ်
ကြေငြာဖွင့်လှစ်လို့
နင်သိ​အောင်​ပြော
နင့်သ​ဘောကို
အ​သေချာ​မေးလို့
ဝေဒနာ​ပေးမယ့်
အ​ဖြေစကားလည်း
နားခံနိုင်​အောင်
ကြိုးစားလို့
မရိုးသားမိတဲ့စိတ်ကို
တိတ်တဆိတ်ဖုံးဖိလို့
အဆုံးမရှိတဲ့
အ​ဖော်မဲ့လမ်းကို
မ​ပျော်လည်းလှမ်း
နင်ဝမ်းပန်းတသာ
ဖြစ်​နေမယ့်
အရီပြုံးများကို
ငါ့နှလုံးသားမှာ
လုံခြုံစွာထားလို့
စည်းတဖက်ခြားမှာ
ငါ​နေခဲ့ပါ့မယ့့် ။


  


          သူရဇ္ဇ
===================================

ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ