Saturday 20 August 2016

လှမ်းခဲ့တော့အချစ်ရယ်




လှမ်းခဲ့တော့ အချစ်ရယ် 
_______________________

အချစ်တဲ့ ..

နှလုံးသားတွေ တဒိတ်ဒိတ်ခုန်လို့

ရင်ခုန်သံတွေ မြန်ဆန်သွားခဲ့လိုက်တာ ..

စည်းချက်တိုင်းမှာ

မင်းကိုချစ်တယ်လို့ တဖွဖွအော်မြည်လို့

မင်းအတွက်ဆို

ဘာမဆိုရင်ဆိုင်ဖို့အသင့် ..

မချစ်ဖူးမူးမြစ်ထင်တဲ့

ကိုယ်ကတော့လေ

ချစ်ခဲ့ဖူးတယ်ဆိုပေမယ့်

အခုအချစ်လောက် ခမ်းနားတယ်မထင်ဘူး

တစ်ခါမှမဖြစ်ပေါ်ဖူးတဲ့ 

ဟန်ချက်မညီတော့တဲ့ ရင်ခုန်နှုန်းတွေက

မင်းဆီကိုပဲ တရွေ့ရွေ့သွားနေတော့တာ ..

ကောင်မလေးရေ ..

မင်းကိုစတွေ့တဲ့နေ့ကစလို့

ငါ့နှလုံးသားလေး အစာမကျေဖြစ်နေရပြီ ...

မင်းအချစ်တွေနဲ့ ကုစားပေးဖို့အတွက်

အပြေးလှမ်းလာခဲ့ပါ

ဒီကောင်ရင်ခွင်ရှိရာဆီ ...

မုန်း (BeeTalk)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ