ကာဗွန်တွေ မိုးထားတဲ့ ည
______________________
အာဟာရချို့တဲ့နေတဲ့ စိတ်ဟာ
မီးခိုးရောင်ဖျော့ဖျော့
အတိတ်ဟာ ဝတ်ရုံနက်ကြီးခြုံလို့
အခုတလော
ပုံပြင်တွေပဲ ဆက်တိုက်လိုလိုကြားနေမိ။
အလိုမတူသော ဝါကျတစ်ချို့က
နှုတ်ခမ်း ထက် မှာ တရွရွနဲ့
မရေရာခြင်းဟာ
အကျယ်လောင်ဆုံး အသံနဲ့ရွေ့တယ်
စိတ်ဟာ
တိမ်မည်းတွေရှိရာ တစ်ခြမ်းစောင်းလို့
ငုံ့ကြည့်မိတဲ့ ယုံကြည်ချက်ဟာ
ဖျတ်ခနဲ ပျောက်သွားသလို။
မလင်းလက်နိုင် တော့တဲ့ ကြယ်ပြာတွေကြား
ရင်ခုန်သံဟာ ပွတ်ကာသီကာနဲ့
မသဲကွဲဘူးဆိုတာတွေဟာ ပိုမှောင်နေခဲ့
တစ်ကယ်ဆို
သူ မသိလိုက်တဲ့ အချိန်
မျက်ဝန်းတစ်စုံ ခေါင်းငိုက်စိုက်ကျသွားတဲ့ထိ
အပြင်းစား မှော်ဝင်ညတွေ
ဘာအကြောင်းကြောင့် မှ
ပျောက်ကွယ်မသွားစေချင်ဘူးလေ။
တာရာ (ပန်းပျိုးလက်)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ