Thursday 25 August 2016

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၉၁

❆ အ​တွေး ❆

မာနကိုဝန်းရံ
အတ္တ​တွေ​ဘောင်​ဘင်​ခတ်
ဖိတ်​စင်​လို့ထိတယ်
မာန်​တင်းတဲ့စကား​တွေ....
ဟန်​​ဆောင်​လို့ပြုးံပြ
ပုန်းထားတဲ့အဆိပ်
လူမသိ​အောင်​ကျိတ်
ငါ့အနားတိုးကပ်​လာတယ်​....
ဖြေး​ဖြေး​လေးထု
ငါ့အသဲမှာဖြုဖစ်​​တော့
မင်းကတာတာပြလို့
လှည့်​ကာထွက်​မယ်​...
သိ​နေတယ်​​ သိ​နေတယ်​​လေ
အားလုးံကိုကြို​တွေးထားတယ်
ခြစားသွားတဲ့ဦး​နှောက်
တောင်​ပို့​လေး​တော့ချန်​ခဲ့​ပေးတယ်
ကျေးဇူးအကြီးကြီးတင်​သည်
မြွေတ​ကောင်​ထည့်​ပြီး​မွေးထားမည်​။

           စုန်း
+++++++++++++++++++++++++++++++++

❆ ပြန်​လှည့်​မကြည့်​ချင်​ဘူး❆

အတိတ်​ကိုပြန်​​တွေးမိတိုင်း
ခါးသက်​တဲ့နင့်​စကားလုးံ
အောက်​မှာကျခဲ့တဲ့
ငါ့မျက်​ရည်​​တွေက
နင့်​အတွက်​​ခြေ​ဆေးဖို့ဖြစ်​ခဲ့သလား
နင်​နဲ့ငါကြားနားလည်​မှု​တွေက
သံသယဆိုတဲ့​လေ​ပွေတချက်​တိုက်​ရုံနဲ့
ပြတ်ခဲ့တဲ့သံ​ယောဇဉ်ကြိုး
ပြန်ဆက်ဖို့လည်းမကြိုးစားချင်​​တော့ဘူး
ပန်းခင်းလမ်းမ​လျှောက်​ပရ​စေနဲ့
ပန်း​တွေသနားလို့
ဆူးခင်းလမ်းလည်းမသွားရဲတဲ့နင်
ငါ့အသဲနှလုးံ​ပေါ်​တော့​ခြေချဝံ့တယ်
သွေး​တွေများနင့်​​ခြေဖဝါးမှာ​ပေသွား​သေးလား
ငါ့မျက်​​ရည်​​တွေနဲ့ထပ်​​ဆေးလိုက်​ဦးဟာ
အထူးအထူးသတိ​ပေးမယ်
နင့်​​ခြေဖဝါးမှာအနာမရှိ​စေနဲ့​နော်
ငါ့မျက်​ရည်​​ကြောင့်
နင့်​​ခြေဖဝါးမစပ်​​စေချင်​လို့ပါ....။

             စုန်း
+++++++++++++++++++++++++++++++++
မျှော်လင့်မိ​သောအချစ်

ကြင်နာသမျှကိုစ​တေး
ငါ​ပေးခဲ့တာ
အဖြူ​ရောင်အချစ်ပါ
အကာ သာ
နောက်ပြန်ပစ်လို့
နင်ချစ်ခဲ့တာ
အ​ပေါ်ယံသာဖြစ်
ငါချစ်သလို
နင်ပြန်မချစ်
ငါ့ရဲ့အလိုလိုက်
ခွင့်လွတ်မှု့ က
ဝေဒနာဆွမယ့်
မီးတစလားချစ်သူ
လျစ်လျူရှု့ ဖို့မစွမ်း
နင့်နှုတ်ခမ်းက​ခြွေတဲ့
မာယာစကားကို
အခါခါကြား
နင်ထားခဲ့ရင်
ငါဟာကျန်​နေမယ့်သူပါ
တန်ပြန်မှု့ ကင်း
ငါရင်းနှီးထားတာ
နှလုံးသားဖြစ်လို့
တ​နေ့​နေ့ကိုတွက်စစ်
နင့်ပြန်ချစ်မယ့်ရက်ကို
မျှော်လင့်တပ်မက်
ရက်မှ လ​ပြောင်း
ရွက်​ဟောင်း​တွေ
အကြိမ်ကြိမ်​ကြွေ
ငါမငို​ပေမယ့်
စို​နေတဲ့ပါးပြင်ထက်မှာ
မျက်ရည်တစက်စီး​ခွေ
အနီး ​နေ​ပေမယ့်
ခရီးရှည်ထွက်​နေတဲ့
နင့်အချစ်​တွေ
လည်ရာမှ
လွန်​မြောက်လို့
ငါ့ဆီကိုဘယ်​တော့​ရောက်မလဲချစ်သူ့ ။

        သူရဇ္ဇ
+++++++++++++++++++++++++++++++++
၂၄နာရီချစ်သူ

ရင်းနှီးမှု့ ကိုသ​န္ဓေချ
ပေးတိုင်းပြန်မရတဲ့
အချစ်တခုကို
ပစ်မှု့ တပ်လို
စွဲချက်တင်
နင်မမြင်လိုဟန်ပြုလို့
ကုဖို့ခက်တဲ့
ဥ​ပေက္ခာ​ဝေဒနာ
ခံနိုင်ရည်နည်းတဲ့
ငါ့နှလုံးသားထဲမှာ
ကိန်း​အောင်း​နေခဲ့ပြီ
နင်ကြည့်လို့မမြင်
ငါခင်တွယ်တဲ့
သံ​ယောစဉ်
နင်မြင်လို့မကြည့်
ငါချစ်မိသမျှ
နေ့ညများစွာကြား
နင်တရားမဲ့လို့
ထားခဲ့မယ်
ကြို​တွေးထားလည်း
နဂို​ပေးထားတဲ့
နင့်အတွက်သက်သက်u
တဖက်သတ်
ရင်ခုန်မိတဲ့ငါ့အချစ်က
ညဖြစ်မယ့်
မနက် မှန်းသိလည်း
မင်းအတွက်ဆို
၂၄နာရီတိတိ
ငါအ​မှောင်ချပစ်မယ့့် ။

  သူရဇ္ဇ
+++++++++++++++++++++++++++++++++
အသုံးချခံ လူ

တကယ်ရည်မှန်းမိကာမှ
ဘယ်ဆီမှန်းမသိ
ယတိပြတ်စွာ
နင်ထွက်ခွာသွား
သက်ညှာအားနည်းလို့
ငါ့ကိုစွန့်ပစ်ချန်
ခေါ်သံမဲ့တဲ့
မြေနီလမ်းထက်မှာလဲ
ခြောက်​သွေ့ခြင်း​တွေ
ကိန်း​အောင်း
သူစိမ်းမ​ကောင်းလို့
တိမ်း​စောင်းခဲ့တဲ့
သံ​ယောစဉ်
ကမ်းပါးထက်မှာ
အလွမ်းတရားကို
မျက်ရည်နဲ့သင်္ဂြိုလ်လို့
အတူဆိုဖူးတဲ့
သစ္စာစကား
ချည်ပါများ​တော့
ဆက်ထုံးဖြစ်
ပျက်သုဉ်းလွင့်ဖို့
အချိန်​ရောက်​တော့လည်း
သေမ​လောက်
နာကျင်ခဲ့ရ
နင်မမျှတစွာဆုံးဖြတ်
ရက်စက်စွာနင်း​ခြေ
မင်း​စေလို့
ကစားဝ​တော့
အနားကဖယ်ပစ်
မင်းငါ့ကိုတကယ်မချစ်တာ
ကြိုသိနှင့်ပြီးသားပါချစ်သူ့ ။

   သူရဇ္ဇ
++++++++++++++++++++++++++++++++++
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ