Sunday 21 August 2016

*သက်ဆိုင်သူ သိပါစေ*
မုန်းတက်သွားပြီဆိုရင်လဲ
ပြုံးကြည့်မနေပါနဲ့တော့
နှလုံးသားတွေ ကြွေခဲ့ပြီမို့...
မေ့နိုင်ခဲ့ပြီဆိုရင်လဲ
ဘဝတကွေ့ ပြန်တွေ့ခဲ့ရင်
သူစိမ်းတွေလို နေလိုက်ပါတော့
အသည်းပန်းတွေ နွမ်းခဲ့ပြီမို့...
မလွမ်းတက်ဘူးဆိုရင်လဲ
နမ်းခဲ့ဖူးတဲ့ ပါးပြင်လေးကို
သံယောဇဉ် မတွယ်ပါနဲ့တော့
နင်ကွယ်ရာမှာ မျက်ရည်လေးတွေ
ကြွေခဲ့ရသူမို့ ချစ်သူရယ်...
မကြင်နာတော့ဘူးဆိုရင်လဲ
ရင်နာအောင်မပြုစားပါနဲ့
နှလုံးသားတွေ ကွဲအပ်နေလို့...
 တစ်ကောင်ဘွား[ဓာတ်တော်)
အားပေးသူတွေ ဘယ်လောက်ရှိလဲ သိရအောင် တစ်ခုခုတော့ ပြောကြည့်နော်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ