ဒဏ်ရာတွေကို ထုပ်ပိုးထားပြီး ..
သူ့ရှေ့အရောက် အပြုံးတစ်ပွင့်ဖန်ဆင်းနိုင်ဖို့ ..
ကိုယ့်နှလုံးသားကို မီးလောင်တိုက်သွင်းထားမိတယ် ..
အပူရုပ်ကိုဟန်လုပ်ပြီး
ချိုသာတဲ့အပြုံးတွေနဲ့ပဲ
သူ့ရှေ့ရောက်သွားတဲ့အခါ ..
နားလည်မှုဆိုတဲ့ ဘွဲ့တံဆိပ်တစ်ခု ..
ကိုယ်အပေါ်ပုံကျလာခဲ့တယ် ..
အဲ့ဒီဘွဲ့ကို သူကိုယ်တိုင်ပေးပြီးတဲ့နောက်မှာတော့ ..
ကိုယ့်ဒဏ်ရာတွေ နက်သထက်နက်လာစေမယ့်
ထိုးနှက်ချက်တွေ တစ်ပုံတစ်ပင်ထပ်ပြီး
သူနားမလည်နိုင်မယ့် ကိုယ့်ခံစားချက်တွေကို
ထုတ်ပြဖို့တောင် မ၀ံ့ရဲတော့ဘူးလေ ..
ကိုယ်လေ ... ချစ်တယ်လို့လည်း မပြောပါဘူး ..
ကိုယ့်အပြုအမူတွေနဲ့ သိသာစေခဲ့တာပဲ ..
သ၀န်တိုတယ်လည်းမဆိုပါဘူး ..
ကိုယ့်ရင်ထဲဝင်ကြည့်မိတဲ့တစ်နေ့ မင်းတွေ့မှာပဲ ..
နာကျင်ရတာလဲ ထုတ်မပြတော့ပါဘူး ..
ဒဏ်ရာတွေကထွက်ကျလာတဲ့သွေးစက်တွေ
နှလုံးသားကနေလျှံကျ မျက်ဝန်းကနေထွက်လာတဲ့တစ်နေ့
မင်းတွေ့နိုင်တာပဲလေ ..
ဒါပေမယ့်  .....
တိတ်တဆိတ်ငိုကြွေးနေတဲ့ မျက်ဝန်းထောင့်ကမျက်ရည်စတွေ ..
ခံစားချက်တွေပွထနေတဲ့ နှလုံးသားရဲ့ နာကျင်မှုတွေ ..
ပြိုလဲကျချင်နေတဲ့ ... ယိုင်နဲ့နဲ့ကိုယ့်ခြေလှမ်းတွေ ...
ငါကိုယ်တိုင်ထုတ်မပြမချင်း ..
မင်းကိုယ်တိုင်မှ မမြင်တတ်တော့လည်း ..
ငါလေ ..
နင်နဲ့ပတ်သက်တဲ့အမှတ်တရတွေလျော့ကျသွားဖို့ ..
ကိုယ်တိုင်ပြုပြင်ကြိုးစားရဦးမယ် .....
မုန်း (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ