Monday 15 August 2016

တို့နှစ်ယောက်ရဲ့အနာဂတ်ထင်ရှားစေဖို့




တို့နှစ်ယောက်ရဲ့ အနာဂတ်ထင်ရှားစေဖို့ ..

တူနှစ်ကိုယ်လက်တွဲကြဖို့အတွက် ..

အချစ်တွေကိုပုံထပ်ပြီး ..

ဘ၀အတွက် ရုန်းကန်ရဦးမယ် ..

အဲ့ဒီအချစ်တွေကို အားဆေးအဖြစ်နဲ့

အနာဂတ်အတွက် မွေးဖွားပုံဖော်ရင်း ..

ရိုးမြေကျပေါင်းဖက်သွားနိုင်ဖို့

ကြိုးစားမှုတွေ အရှိန်မြှင့်ကြစို့နော် ..

ချစ်သူရေ ...

ဝေးနေရတယ်ဆိုပေမယ့် 

လေလှိုင်းကြားက ဆက်နွယ်မှုတွေနဲ့

တိုးတက်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ

တို့အချစ်တွေတော့ မဝေးပါဘူး ..

အမြဲတမ်းအတွက် ထင်ဟပ်နေမယ့် 

နားလည်မှုပုံရိပ်တွေ ..

ယုံကြည်မှုဆိုတဲ့ တံတိုင်းတွေနဲ့

တို့နှစ်ဦးရဲ့ အချစ်အိမ်ကလေးကို ကာရံရင်း

အနာဂတ်ပုံရိပ်လေးတွေကို ပီပြင်လာဖို့ ကြိုးစားကြရအောင် ...

မုန်း (BeeTalk)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ