Thursday 18 August 2016

တကယ်တမ်းမှားတာနင်မဟုတ်ဘူး



တကယ်တမ်းမှားတာ နင်မဟုတ်ဘူး 

နှလုံးသားကနေ လှိုက်တက်မှုနဲ့အတူ

ငါ့မျက်ဝန်းတွေ စိုစွတ်လာတာ 

နင်မမြင်ဘူး ..

စိတ်ရဲ့အလိုတိုင်းကနေ

ပြောပြချင်တဲ့စကားလုံးတွေကို

မင်းမျက်နှာကြည့်ပြီး ထွက်မလာရက်တော့ဘူး ..

တစ်ခါတစ်လေများမှာ

စိတ်လွတ်စွာပေါက်ကွဲရင်း

နင့်ရင်ကို တဘုန်းဘုန်းထုလို့

ငါခံစားရသမျှနင်ကျင်အောင် ရိုက်နှက်လိုက်ချင်တယ်

ဒါပေမယ့် ..

ရှုပ်ထွေးမှုတွေပြည့်နေတဲ့ နင့်ကိုသနားလွန်းလို့

ငါ့ကိုယ်ငါတောင် မသနားနိုင်တော့ဘူး

မပြတ်သားတဲ့ ဇာတ်လမ်းထဲကို

ငါ့ကိုဆွဲသွင်းခဲ့တဲ့နင့်ကိုလည်း အပြစ်မတင်ချင်ပါဘူး..

ငါကိုယ်တိုင်ကိုက လိုလားစွာနဲ့ တိုးဝင်မိခဲ့တာလေ ..

ပိုက်ကွန်ချထားခဲ့ပေမယ့်

စိတ်ကြိုက်ထွက်ပေါက်တွေနင်ပေးထားခဲ့တာပဲ

ငါကိုယ်တိုင်ကိုက ..

အဲ့ဒီပိုက်ကွန်မှာ ငြိတွယ်ခံနေမိတာ ..

ဟုတ်ပါတယ် .. နင်မမှားပါဘူး ..

နင့်ဇာတ်လမ်းတွေအကုန်သိသွားတာတောင်

နင့်အပေါ်မပြတ်သားနိုင်သေးတဲ့ 

ငါ့ချစ်စိတ်တွေကပဲမှားယွင်းနေခဲ့တာ ..

မုန်း (BeeTalk)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ