Sunday 9 October 2016

ခိုင်မြဲနေဆဲလေ




ခိုင်မြဲနေဆဲလေ ...

နင်နဲ့ငါ

နင့်မှာလည်း ဒဏ်ရာတွေနဲ့

ငါ့မှာလည်း ဝေဒနာတွေနဲ့

ဒါပေမဲ့ 

တူညီစွာခံစားမိရင်း

နှစ်သိမ့်ပေးတတ်တဲ့ နှလုံးသားကိုယ်စီနဲ့

ငါတို့ လက်တွေခိုင်မြဲစွာတွဲဆက်ခဲ့ကြတယ်

မယိုင်လဲတဲ့ သံယောဇဉ်မိုင်တိုင်ကြားမှာ

ခိုင်မြဲစွာ ဖေးကူမရင်း

နင်နဲ့ငါ ထာဝရ မပျက်စီးမဲ့

အကြင်နာခရီး အတူသွားခဲ့ကြတယ်

ချစ်သူ .. စိတ်ချပါ 

နင်မှတပါး ငါ့နှလုံးသားဝင်ခွင့်မပြု

နင်မှတပါး ငါ့အတွေးများစိုးမိုးခွင့်မပြု

နင်မှတပါး ငါ့ဘဝအနားလာခွင့်မပြု

ယခုထိတိုင် မယိုင်မလဲ ရင်ဆိုင်နွှဲရင်း

နင်နဲ့ငါ ခိုင်မြဲနေဆဲလေ…………………

Credit - မြင့်မြတ်သိင်္ဂီ


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ