Wednesday 19 October 2016




တပည့်မရှား တစ်ပြားမရှိ
ပီတိကိုစား အားရှိဆိုတဲ့
ရှေ့ရှု့မေတ္တာ ကရုဏာနှင့်
မေတ္တာတရား ရင်ဝယ်ထားလို့
ကျောသားရင်သား မခွဲခြားပဲ
တပည့်များပေါ် မေတ္တာပိုကာ
လမ်းမှန်ညွှန်ပြ သွန်သင်ဆုံးမ
နှလုံးသားလှတာ မြတ်ဆရာ...။
ဆရာရိပ်ဝယ် ပညာသင်စဉ်
ငယ်စဉ်ခါက ဆရာလက်သုံး
တဖုံးဖုံးရိုက် ကြိမ်လုံးမိုက်ကို
အူလှိုက်သဲလှိုက် မုန်းခဲ့ဖူးတယ်...။
ကိုယ့်ခြေကိုယ်ရပ် ကိုယ်မင်းကိုယ်လုပ်
ကိုယ်အုပ်ချုပ်ရ ဘဝရောက်မှ
ဆရာလက်သုံး ရွှေကြိမ်လုံးကို
နေ့ညမဆုံး လွမ်းခဲ့ဖူးတယ်...။
ပညာသင်ဖူး ဆရာကျေးဇူး
ရည်မျှော်မှန်းဆ တမ်းတမိကာ
လွမ်းသမျှတွေ ကဗျာစီလို့
အာစရိယ ပူဇော်ပွဲမှာ
ကဗျာလေးနဲ့ ကန်တော့ပါရစေ....
 ဆရာအရှင်များပေးသော လက်ဖြင့်
        တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ