Friday 7 October 2016

နင်သိစေချင်တယ်




နင်သိစေချင်တယ် ...

အဆင်ပြေသလားလို့တော့

နင်ငါ့ကိုမမေးပါနဲ့ ..

နင်ထားခဲ့တဲ့ နေရာလေးမှာ

အရင်အတိုင်းပဲလေ ...

နေတတ်ခဲ့ပြီလားလို့

နင်ငါ့ကိုမမေးပါနဲ့ ..

ငါမနေတတ်ခဲ့လည်း

ငါကနင့်အနားလေးမှာမှ မဟုတ်တော့တာ ...

လွမ်းသေးရဲ့လားလို့လည်း

နင်ငါ့ကိုမမေးပါနဲ့ ...

နင်မရှိတဲ့နေ့ရက်လေးတွေမှာ

ပြန်တွေးမိတိုင်းမျက်ရည်ကျရအောင် လွမ်းခဲ့ရတာမို့

ငါနောက်ထပ်နင့်ကို မလွမ်းချင်တော့ဘူးလေ ...

အချစ်ဆိုတဲ့အရာတစ်ခုက

လွယ်လွယ်နဲ့ ဖြစ်တည်လာတာမဟုတ်သလို

တစ်ခါတစ်လေတော့လည်း

ကိုယ်နဲ့ မထိုက်တဲ့သူဆီမှာ

မပုံအပ်တာပဲ ကောင်းပါတယ်ဟာ ...

အရာရာနင်နဲ့ပတ်သက်ခဲ့သမျှ

ငါဘာတစ်ခုမှ မရှိတော့တာ နင်သိစေချင်ပါတယ် ....

Credit - zinyaw(no name)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ