Sunday 9 October 2016

နောင်တမဲ့စွာ



နောင်တမဲ့စွာ ..

အချစ်ရယ် ..

ရှင်နဲ့အတူလျှောက်ရမယ့်လမ်းမှာ

ဘယ်လိုပဲနာကျင်မှုတွေကြုံနေပါစေ

ရှင်သာကျွန်မဘေးမှာရှိနေပေး

အဲ့ဒီနာကျင်မှုတွေ ကျွန်မတစ်ယောက်တည်း

ခါးစည်းပြီးခံစားနိုင်တယ်

ရှင့်တစ်မျက်နှာက

ကျွန်မရဲ့တစ်ကမ္ဘာမို့

ရှင်ရှိတဲ့အရပ်မှာ

ကျွန်မဘ၀ပျော်နေမှာသေချာတယ် ..

ရှင်နဲ့အတူလျှောက်တဲ့လမ်း

ဆူးခင်းလမ်းဖြစ်နေပါစေ

အဲ့ဒီလမ်းကို ရှင့်ရှေ့ကနေ ကျွန်မလျှောက်ရဲတယ် ..

ကျွန်မခြေလှမ်းအတိုင်း ရှင့်ခြေလှမ်းတွေထပ်တူလိုက်ပြီး

ရှင့်ခြေထောက်တွေ ဆူးမငြိဖို့ကာကွယ်ပေးမယ် ..

ရှင်သာအနားရှိခဲ့ရင်

ဘာတွေဘယ်လိုပဲရင်ဆိုင်ရပါစေ

ကျွန်မသတ္တိတွေပြည့်နေမှာ သေချာတယ် ..

ရှင်သာထွေးပွေ့ထားရင်

ကျွန်မအတွက်ခွန်အားတွေ

မိုးလောက်ထိုးဖောက်စီးဝင်နေမှာသေချာပါတယ် ..

ရှင်နဲ့အတူလျှောက်ရမယ့်အနာဂတ်ခရီး

နောင်တကင်းမဲ့နေဖို့လည်း အာမခံရဲတယ် ....

မုန်း (BeeTalk)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ