Thursday 13 October 2016

ဘဝစာမျက်နှာ

*ဘဝစာမျက်နှာ*
အချိန်အားဖြင့်ညနေ၅နာရီလောက်မှာပါကျနော်ငယ်ငယ်က နေခဲ့ရသည့် ရွာလေးကို မရောက်တာကြာလို့ အလည်သွားခဲ့တာပေါ့ ရွာအဝင် လှည်းလမ်းလေးဟာလည်း အရင်လို အရင်တိုင်းပဲမပြောင်းလဲဘူး  စာသင်ကျောင်းလေးကို ကြည့်တော့လည်း အရင်တိုင်းပဲ  အနိုင်သီဆိုခဲ့တဲ့ သီချင်းလေးကို နားထဲပြန်ကြားယောင်မိတယ်...မပြောင်းလဲပါဘူး မနှောင်းသေးပါဘူး မဟောင်းသေးပါဘူး အချစ်ရယ်..အခုဘဝတွင်မက နောက်ဘဝတိုင်လည်း မဟောင်းသေးပါဘူး မနှောင်းသေးပါဘူး မပြောင်းလဲပါဘူးလေ,.,ကိုအနိုင်ရယ် ဒီသီချင်းဟာ ကျနော်တို့ရွာလေးရဲ့ အနာဂတ်အတွက် ရည်ရွယ်ပြီး ဆိုခဲ့တာလားလို့ သူသာ အသက်ရှင်လျှက် ရှိနေသေးရင် ကျနော်မေးမိမှာပါ  ရွာထဲကို ရောက်ခဲ့ပြီ  ပြောင်းလဲသွားတာတွေရှိတယ် အဲ့ဒါ ကျနော်ရဲ့ သူငယ်ချင်းတွေ သံယောဇဉ် ကိုယ်စီကိုယ်စီနဲ့.. ပြောင်းလဲဖို့ အချိန်တန်ပြီဆိုတာ ဒါလားကွယ်.. မြန်မာနိုင်ငံဟာ သယံဇာတ တွေ ပေါကြွယ်ဝသော နိုင်ငံကြီးဖြစ်ပါသည်ဟု ကျနော်ငယ်ငယ်က စာသင်ခန်းမထဲမှာ ကျက်ခဲ့ဖူးပါသည် ဒါပေမဲ့ ဒီနေ့ခေတ်မှာ ကျနော်တို့နေတဲ့ မြန်မာနိုင်ငံကြီးဟာ ကမ္ဘာအဆင်းရဲဆုံး နိုင်ငံထဲကို ဘာလို့ပါဝင်နေရတာလဲ ..ဒါဟာ မသမာသူလူတစ်စုရဲ့ ကိုယ်ကျိုးအတွက် နိုင်ငံခေါင်းဆောင်လုနေခြင်းကြောင့်လား.,.အနာဂတ်အတွက် အမြော်မြင် မရှိ အသိပညာမကြွယ်တဲ့ ပုဂ္ဂိုလ် တစ်ချို့ နိုင်ငံခေါင်းဆောင် ဖြစ်နေခြင်းမို့လို့ ပြောရင် လက်ခံမှာလား..ဝန်ကြီးရယ် လျှပ်စစ်ဓာတ်အားတွေ ပိုနေလို့ ဘေးနိုင်ငံကို ရောင်းတာပါလို့ ပြောတဲ့ အဘရယ် မြန်မာပြည်မှာ မီးမရှိဘဲ အမှောင်ထဲမှာ ဖယောင်းတိုင်ရဲ့အလင်းရောင်နဲ့ရှင်သန်ခဲ့ရတဲ့ရွာတွေ အများကြီးရှိနေပါသေးတယ်ဗျာ ,..မြင်အောင်ကြည့်ပေးပါဦးနော် အခုရောက်နေတဲ့ရွာလေးတစ်ရွာ အပါဝင်ပေါ့ ညမှောင်မှောင်မှာ လရောင်ကို မဖော်ပြုနေရတဲ့ ရွာလေးရဲ့ခေါင်းဆောင်တွေကရော အထက်လွတ်တော်ကို မတင်ပြကြဘူးလား မသိဘူး ဒီနေ့အထိ အမှောင်ထဲမှာပဲ လရောင်နဲ့အတူ ရှိနေပါသေးတယ် အမှောင်စာမျက်နှာကို လှန်ပြီး အလင်းရောင်စာမျက်နှာကို ပြောင်းလဲသင့်ပါပြီကိုယ်ထူကိုယ်ထစနစ်နဲ့ကြိုးစားစမ်းပါဗျာ အဲ့ဒီလိုပြောလိုက်ရင် ငါတို့မှာ မိသားစုအရေးနဲ့ ရုန်းကန်နေရတာ ဘယ်ကငွေရမှာလည်း ..ထီပေါက်ရင်တော့ မင်းတောင်ပြောစရာ မလိုဘူး ငါလှုမယ်ဆိုတဲ့ ရပ်ရွာခေါင်းဆောင်တွေရယ်..ထီကရော လစဉ်ထိုးဖြစ်ရဲ့လား ပြီးတော့ အဲ့ဒီထီက ဘယ်အချိန်ပေါက်မှာလဲ လို့ မေးရင် စိတ်မဆိုးပါနဲ့နော် မရေရာမသေချာတဲ့ ထီဆုကြီးကို မျှော်လင့်ရင်းနဲ့ အသက်တွေကြီးလာပြီး ဒီလမ်းလေးဟာလည်း အရင်တိုင်းပဲ ညအမှောင်လေးဟာလည်း မှောင်လျှက်နဲ့ပဲ ရှိမှာပေါ့ .ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး ဒီနေရာမှာ အြံတစ်ခုပြုပါရစေ မီးမရသေးတဲ့ ရွာတွေလည်း သိမှာပါ ရပ်ရွာကို ခေါင်းဆောင်နေရတဲ့ ပုဂ္ဂိုလ်အနေနဲ့ ကိုယ့်ရွာက တစ်အိမ်ခြင်းစီမှာ ငွေတစ်ရာစုမယ် တစ်လကို တစ်အိမ် ငွေသုံးထောင်ပေါ့နော် အိမ်ခြေတစ်ရာဆိုတော့ ငွေ သုံးသိန်းပေါ့ တစ်နှစ်ဆိုရင် သိန်းပေါင်းသုံးဆယ်ခြောက်သိန်းရမယ် ဒါက အိမ်ခြေတစ်ရာရှိတဲ့ ရွာလေးရဲ့ ဝင်ငွေ သုံးဆယ့်ခြောက်သိန်းနဲ့ တစ်နှစ်ခြင်းစီ ပြောင်းလဲလိုက်ရင် နောင်ဆယ်နှစ်ဆို မြို့ကြီးတွေထက်တောင် ပြောင်းလဲသွားနိုင်တယ်နော် ပြောင်းလဲကြဖို့ ပြောတာပါ. ဒီနေရာမှာ ကျနော်တစ်ခုပြောခြင်တယ် ကျနော် မျက်လုံးတွေ ဝေဝါးနေလို့ ဆေးခန်းကို သွားခဲ့ဖူးတယ် ဆေးခန်းရောက်တော့ ဆရာဝန်နဲ့ပြသပြီး ဆရာဝန်က မျက်မှန်လေးတစ်လက်ထုတ်ပေးတယ် တပ်ကြည့်ဆိုတော့ ကျနော်လည်း တက်ပြီး အထက်ကိုကြည့်လိုက်တယ် ဝါးနေတာပဲ မြင်တယ် နောက်တစ်လက် တပ်ကြည့်တော့လည်း ဝါးနေတာပဲ ရှေ့ကိုကြည့်တယ် ဝါးနေတယ် ရုံးခန်းတွေလှမ်းကြည့်တယ် ဝါးတာပဲ ဒီလိုနဲ့သာ ပြန်ခဲ့ရတယ် ဝါးလိုက်တာ သစ်တောလည်းပြောင် တောင်တွေလည်းကုန်ပြီ ဒါလည်း ဝါးနေတုန်းဆိုတော့ ကျနော်တွေးမိတယ် မြန်မာနိုင်ငံဟာ  သယံဇာတပေါကြွယ်ဝသော နိုင်ငံနေရာမှာ  ဝါးပေါသောနိုင်ငံဟုသာ ပြောင်းလဲခေါ်သင့်ပါသည်..သူတို့ဝါးပြီးမှ ကျနော်တို့ပြည်သူတွေမှာ အကြွေးငါးသိန်း တင်ခဲ့ရတာ ဘာအကြောင့်လည်း ပြီးတော့ တစ်ရက်ကို နှစ်ထောင်သာ သုံးသင့်ကြောင့် ထမင်းတစ်နပ်လျှော့စားပါ ထန်းလျှက်တွေကို နောက်နှစ်အတွက် မျိုးထန်းလျှက်တွေလည်း ချန်ပါတဲ့ ဝန်ကြီးရယ် မသိလို့မေးပါရစေဗျာ ထန်းလျက်ဆိုတာ ထန်းရည်က ဖြစ်လာတာမဟုတ်လား မျိုးထန်းလျက်တွေ ချန်ပါဆိုတော့ ကျနော်တို့ ဘယ်လို ချန်ရပါ့မလဲဗျာ .,ပြီးတော့ တစ်ခုရှိသေးတယ် အခုလို သီတင်းကျွတ်ကာလမှာ ကျနော်တို့လူငယ်ကလေးတွေ ယမ်းလိပ်တွေ မီးရှုးမီးပန်းတွေ ဖောက်ကြတယ် အဲ့ဒီအခါမှ မီးရှုးမီးပန်းများမရောင်းရ မဖောက်ရ တွေ့ရှိပါက ရောင်းသူအား ထောင်သုံးနှစ် ဗျောက်လိပ်ဖောက်သူအား တစ်နှစ်တဲ့ မေးဦးမယ်ဗျာ အဲ့ဒါတွေက တရုတ်ကတင်သွင်းတဲ့ ထုတ်ကုန်တွေမလား မြန်မာပြန်ထဲမရောင်းချခင်က ဖမ်းပါလား ခွင့်မပြုနဲ့လေ အခုမှ ပြည်သူတွေလက်ထဲရောက်မှာ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အရေးပေါ် ဥပဒေတွေ မထုတ်ပြန်ပါနဲ့ဗျာ ပြည်သူတွေဟာ အမှောင်စာမျက်နှာတွေထဲမှာ လူကြီးမင်းတို့ ပုံသွင်းထားသလို နေတက်တဲ့ ကျောက်ရုပ်မဟုတ်ဘူး အသွေးသားနဲ့ဖွဲ့စည်း ထားတဲ့ လူသားဖြစ်ကြောင်း သိစေခြင်ပါသလို စာချစ်သူအပေါင်းတို့လည်း စာဖတ်ပါ တစ်ရက်ကို ၁နာရီလောက်တော့ စာဖတ်ကြပါ အသိပညာဗဟုသုတတွေ ရှာဖွေပါ အသိပညာပြည့်စုံသူဆိုရင် စဉ်းစားတွေးခေါ်တက်မယ် အမှန်အမှား ခွဲခြားသိလာရင် တိုင်းပြည်ကောင်းကျိုးကို တကယ် ထမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်နိုင်ပြီး အမှောင်စာမျက်နှာမှ အလင်းရောင်စာမျက်နှာသစ်ဆီသို့ အသိပညာတွေ ပြည့်စုံတဲ့ သူအဖြစ်နဲ့ ဘဝသစ်မှာ စစ်မှန်သော နိုင်ငံအဖြစ် ပြောင်းလဲနိုင်ပါစေလို့ ဆန္ဒပြုရင်း ကျနော်ရဲ့ ဘဝစာမျက်နှာ ခေါင်းစဉ်ဖြင့် ရေးသားခဲ့သော ဒီစာပိုဒ်ကို ဒီမှာ ဒီအမျှနဲ့ နိဂုံးချုပ်ပါရစေဗျာ...
မေ့နေကြပြီလား တစ်ကောင်ဘွား(ဓာတ်တော်)ပြန်လာပါပြီ ဘယ်သူတွေ အားပေးဖတ်ရှု့နေသေးလည်း သိရအောင် ဖုန်းလေး ဆက်ပြီး ဝေဖန်ပေးကြပါလား ဒါမှမဟုတ် စာလေးဖြင့် ဝေဖန်ပေးကြပါဦးနော်  စာချစ်သူအပေါင်းကို ထာဝရလေးစားခင်မင်လျှက်
         တစ်ကောင်ဘွား(ဓာတ်တော်)
09455442504

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ