Tuesday 18 October 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၉၃

မလိခအလွမ်း

ပန်းရနံ့​တွေဆမ်း
လမ်းချိုးဆစ်​ကွေ့ 
တ​ရွေ့ ​ရွေ့ နဲ့တက်
မြင့်သထက်မြင့်လာတဲ့
တောင်တန်း​တွေရဲ့ကြား
လေညှင်း​တွေ
ဖြတ်​ပြေးသွားလို့
လွတ်လပ်ခြင်းခွန်အား
လက်ဖ၀ါးမှာ
အသင့်အ​နေထားရှိ
စွဲလမ်းမိတဲ့
တောင်​ပေါ်​မြေလမ်း
မခွဲတမ်း
နေချင်မိ​ပေမယ့်
ကတိ​တော့မတည်ခဲ့
ပြန်ခဲ့ပါပြီ
တောင်တန်းအစီအရီ
မြေနီလမ်းက
ကျန်ခဲ့ပါပြီ
မြင်ကွင်းမပီတပီ
မြူနှင်းမှုန်​တွေကြား
ထားခဲ့ပါပြီ
မတည်နိုင်တဲ့
ကတိစကားနဲ့
အိမ်ပြန်လမ်းမ​ဖြောင့်
တနှစ်တ​ခေါက်
ရောက်​အောင်
မလာနိုင်လည်း
အသည်းစိုင်ထဲက
အမြဲထာဝရ
သတိရ​နေမှာပါ
ချစ်​သောမလိခရယ့့် 




         သူရဇ္ဇ
____________________________________________
❆ ပြန်​ကြည့်​လှည့်​ ❆

စည်း​ကျော်​လာ​စေချင်​လို့
ဝါးတလုးံတားမိကာမှ
လှည့်​ထွက်​​ပြေးတဲ့နင့်​ရဲ့
ကျောပြင်​ကို ငါ​ငေးကြည့်​ရင်း
ဆို့တက်​လာတဲ့မျက်​ရည်
ကျခဲ့တာပါးပြင်​​ပေါ်
သုတ်​မိတဲ့ဒီလက်​က
ဘယ်​လက်​လားညာလက်​လား
ငါသတိမထားမိနိုင်
ငါငိုပရ​စေဦး​တော့
နင်​ရီဖို့ငါ့အပြုးံ​တွေ​ပေးမယ်
စေစားရာငါနှလုးံသား
ခိုင်းေ​စရာအမိန့်
မေ​သွမတိမ်းထမ်းေ​​​​ဆာင်ဖို့
ဦး​နှောက်ကိုအိပ်ေ​​ဆးခတ်ထားတယ်.....။

                 စုန်း
____________________________________________
နိယာမ

ကြေကွဲရိပ်ဆင်
မျက်နှာပြင်ထက်
ပင့်သက်ဖြတ်​ပြေး
ပါးပြင်​နွေး​သော်
လက်ခုံနဲ့သုတ်
အရုပ်ကြိုးပျက်ကျ
မျက်ရည်စဟုမှတ်
ချန်ပစ်သူထံ
ကျန်ရစ်သူကမ်း
နှုတ်ခမ်းကအနမ်း
ပြန်တမ်းတ​သော်
မရနိုင်မှန်း
စိတ်ပန်းလို့နွမ်း
အလွမ်းလို့မှတ်
အချစ်၏နိဂုံး
ရုပ်လုံး​ပေါ်​သော်
လိုတာမရ
ဆန္ဒ​တွေလွဲ
ကွဲလွဲပြန်သ​ဘော
မညီ​သော​လျှောက်လမ်း
မလန်း​သောချစ်ရက်
အမြစ်မပျက်တွယ်ငင်
တကယ်မကြင်လို့ခွဲ
လွမ်းရဲလို့ပစ်
ချစ် ခင် ​ပေါင်းသင်း
ဆက်ဆံခြင်းသည်
ကေကွင်း​နောက်ဆုံး
ဖြစ်ရသည်လာ့း့ ။


        သူရဇ္ဇ
____________________________________________

ဘောင်မ၀င်​သော
အလင်း

အလွမ်းလို့​တော့
မမည်ခဲ့ရီတလှည့်
ငိုတခါနဲ့
လိုတာထက်
ပိုနက်ခဲ့တဲ့
ရှိုက်သံတခုရဲ့ည
သုညနဲ့စခဲ့လို့လားမသိ
အကြွင်းကနတ္ထိဖြစ်လို့
ဇစ်မြစ်မသိတဲ့
အရှုံးရလာဒ်
ငါပဲအတွက်မှားခဲ့​လေသလား
မသိကိန်းထပ်တဲ့
ဆုံးဖြတ်အ​မေး
ဝေးဖို့ဆိုတာ
ကျြုသိခဲ့ရင်
နင်အလိုမရှိတဲ့ငါ
တော်ရာမှာပဲ
နေခဲ့လိုက်မှာ
နင်လိုက်မလာဖို့မှာတဲ့
အနာဂါတ်လမ်းမှာ
ငါ့အလွမ်း​တွေက
ဘောင်မ၀င်​ပေမယ့်
မကြာခင်
အ​မှောင်ဝင်မယ့်
နင့်ရဲ့​နေညိုချိန်အတွက်
ငါတက်စွမ်းသမျှ
တာဝန်တစနဲ့
ကြယ်​လေး​တွေ
ကြိုးနဲ့ချလို့
ဧရိယာပြင်ပက​နေ
ထွန်းလင်းခွင့်ပြုပါ့ ။


       သူရဇ္ဇ
____________________________________________
လမ်းခွဲခြင်းနိမိတ်
ရင်ဝမှာ
တိတ်တဆိတ်စူး
အဆိပ်လူးသလို
မနုတ်ရက်မ​ဖြေသာ
ထိတိုင်းနာခဲ့
နင်ညှာတာမဲ့လို့
ကဗျာဆရာရဲ့
လွမ်းချင်းတ​ကျော့မှာ
ခေါင်းမ​မော့နိုင်တဲ့ငါ
ရင်ဘတ်​တွေ
နာလွန်း​တော့လည်း
မျက်ဝန်းက
မပြုံးနိုင်​တော့ဘူး
်မထိဖူး​သေးတဲ့အနမ်း
မကြုံဖူး​သေးတဲ့
အလွမ်းနဲ့
ငါ့နှုတ်ခမ်းကို
ရှိုက်သံလွှမ်း​စေ
လွမ်းမ​နေပါဘူးလို့
အားတင်း​ပြော​ပေမယ့်
အ​မောမ​ပြေတဲ့
သောကသံ​တွေကြား
ခြေလှမ်း​တွေဖွဖွထားလို့
သောက​တွေ
ရင့်ကျက်ခဲ့​ပေမယ့်
နင်မငဲ့ကွက်ခဲ့တဲ့
ငါ့သိက္ခာက​တော့
အမြင့်မက်လို့
အကျနာခဲ့ရပြီ့ ၊

    သိက္ခာ

         သူရဇ္ဇ
____________________________________________
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ