Friday 7 October 2016

အသက်ရှုသံတောင် ရပ်ထားတယ်




အသက်ရှူသံတောင်ရပ်ထားတယ် ..

အလုံပိတ်တဲ့အခန်းတစ်ခုတွင်းမှာ

ပြတင်းတွေကိုမဖွင့်ပါနဲ့

အလင်းရောင်မှုန်မှုန်လေးတောင်မ၀င်စေရဘူး

နင်မရှိတော့တဲ့အရပ်မှာ

ငါ့ကမ္ဘာကိုအမှောင်ချထားပါရစေ ..

အလွမ်းသီချင်းတွေကို ခပ်ကျယ်ကျယ်ဖွင့်ထား

တစ်ယောက်တည်းကျိတ်ခံစားနေချင်လို့ပါ..

သံစဉ်တွေနဲ့မြောလွင့် ..

နစ်မြှုပ်ထားမယ့် ငါ့နှလုံးသားကို

အလွမ်းတွေနဲ့အသားကျနေပါစေ ..

အခြားသူရေးရေးလေးတောင်မ၀င်စေရ

နင့်တစ်ယောက်တည်းကို သူတမ်းတနေပါစေ ..

ဘယ်သူမှလည်း မမြင်စေရ

သူ့အာရုံတွေနောက်ကျိမသွားစေချင်ဘူးလေ ..

ဒီအခန်းလေးတွင်းမှာ

ငါကလွဲလို့ .. သံစဉ်တွေကလွဲလို့

ငါ့နှလုံးသားနဲ့ မင်းပုံရိပ်တွေချည်းရှိနေပါစေ ...

ဘာအနှောင့်အယှက်မှလက်မခံချင်ဘူး

နှလုံးသားလေး လွတ်လပ်စွာလွမ်းဆွတ်နိုင်ဖို့

အသက်ရှူသံတောင် ခဏရပ်ထားတယ် .... ....

မုန်း (BeeTalk)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ